အပိုင်း (၄၆)

Start from the beginning
                                    

ပိုင်လီက သူ့သားလေးတွေကြည့်ပြီး အလွန်ဂုဏ်ယူသလိုခံစားနေခဲ့ရသည်။ ဒီချစ်စရာကောင်းတဲ့ လူသားအသေးလေးတွေကို ကြည့်ကျစမ်းပါ။ ဘယ်အဖေကများ ဒီလိုသားလေးတွေရှိနေရင်မပျော်ပဲနေမှာလဲ ဟမ်?

ထို့နောက် သူ့အကြည့်တွေက တစ်နေရာကိုရောက်သွားပြီး ထိုနေရာတွင် ရှောင်ဟန်ရှိနေတာပင်။ အရင်က ပိုင်လီရှာတွေ့ခဲ့တဲ့သစ်မာပင်က ကြီးတာကြောင့် စားပွဲတစ်ဝိုင်းအပြင် ညောင်စောင်းနဲ့ဆင်တူတဲ့ခုတန်းရှည်လေးတစ်ခုလည်း ရခဲ့သေး၍ ပိုင်လီကဒီခုံလေးကို တည်သီးပင်ခြေမှာထားခဲ့ပြီး အိမ်ကလူတွေထိုင်ဖို့ရည်ရွားခဲ့တာလည်းဖြစ်၏။

ဒီနေ့ ရှောင်ဟန်က ပိတ်စအနက်ကိုချုပ်နေပြီး သူကအိမ်ထဲထက်စာရင် ပိုလင်းတဲ့ အပြင်ကိုရွေးခဲ့ကာ ထိုခုံလေးပေါ်ထိုင်၍ အဝတ်ချုပ်နေခဲ့သည်။ သူက တစ်ချက်တစ်ချက်တွင် ကလေးတွေကို လှမ်းလှမ်းကြည့်တတ်ကာ ကလေးတွေ ပျော်ရွှင်စွာဆော့ကစားနေတာကိုမြင်တိုင်း ပြုံးကာခေါင်းလေးပြန်ငုံ့သွားလေ့ရှိ၏။

အလုပ်ရှူပ်နေသော ထိုကောသုံးယောက်သည် ပိုင်လီကိုခုထိမမြင်ကျသေးပေ။

မနက်ခင်းသည် အနည်းငယ်အေးလာပြီဖြစ်ပြီး နူးညံ့သောနေရောင်ခြည်လေးက လူသားတွေကို အနွေးဓာတ်ပေးဖို့အကောင်းဆုံးကြိုးစားပုံရကာ ထိုနေရောင်ခြည်အောက်က လူသုံးယောက်ကို ပိုင်လီကအချိနိတစ်ခုထိကြည့်နေမိခဲ့သည်။

သူကဒီဘဝကိုကျေနပ်ပြီးသားပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပိုပိုပြီးကျေနပ်လာသလိုပါပဲ။ သူ့မှာ ကောင်းမွန်တဲ့မိဘနှစ်ပါးနဲ့ ကောင်းမွန်တဲ့စရိုက်ရှိတဲ့ ညီကိုမောင်နှမတွေရှိတယ်။ ပြီးတော့ စကားနည်းပြီးအနေအေးတဲ့ဇနီးတစ်ယောက်ရယ်နဲ့ အရမ်းအရမ်းကိုချစ်ဖို့ကောင်းတဲ့ သားလေးနှစ်ယောက်လည်းရှိသေးတယ်။ သူဘာများ ထပ်တောင်းဆိုရတော့မှာလဲ။ သူတို့နဲ့သာ ပျော်ပျော်ရွှင်ရွှင်နေသွားရဖို့ဆိုရင် သူအကုန်လုပ်ပေးနိုင်တယ်။

ပိုင်လီက ထိုသို့အတွေးထဲမျောနေချိန်တွင် စံပါယ်ပင်လေးကို ခုန်ပေါက်၍လှည့်ပတ်နေသည့် ရှောင်ဖူက ပိုင်လီကို လှမ်းမြင်သွားပြီးနောက် သူ့ထံ မုန့်လုံးလေးလိမ့်လာသလိ​ြ ပြေးလာတော့ကာ...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now