အပိုင်း (၄၆)

Start from the beginning
                                    

ထပ်ပြီး သူရှောင်ဟန်အတွက် ပန်းထိုးဆရာငှားပေးဖို့ကိစ္စကိုလည်း သတိရသွားကာ သူကမေ့နေတာမျိုးတော့မဟုတ်ပေမယ့် လက်ရှိတွင် သူ့အိမ်လေးကသေးလွန်းပြီး သူတို့က ပန်းထိုးဆရာအား အိမ်ခေါ်သင်ရမည်ဖြစ်၍ ငှားချင်ပါက အိမ်မှာတည်းခိုင်းရမည်ဆိုတော့ သူက ဒါအတွက်စဥ်းစားနေခဲ့တာသာဖြစ်သည်။

အစကတော့ ပိုင်လီက လက်ထဲငွေရှိနေရင်တောင် ချက်ခြင်းကြီး ချမ်းသာသွားတယ်ဆိုတာမျိုး လူတွေမပြောစေချင်လို့ အိမ်ကိုနောက်နှစ် ဆောင်းဦးရောက်လောက်မှ ဆောက်မည်ဟုစဥ်းစားထားခဲ့သော်လည်း ပြန်စဥ်းစားကြည့်ပြီးနောက်တွင် စောစောဆောက်ထားတာက ပိုကောင်းမည်ဟုခံစားခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ရွာကလူတွေကလည်း သူ့ရဲ့ငွေရှာနိုင်စွမ်းကိုသိနေကျပြီးပြီပဲလေ။ ဖုံးကွယ်ထားလည်း ထူးမှမထူးတော့တာ။

ပိုင်လီက ဒီနေ့ အိပ်ရာနိုးနိုးချင်းတွင် အဝတ်သစ်လေးတွေဖြင့် ပျော်မြူးနေသည့် ကောသေးသေးလေးတွေကိုမြင်ခဲ့ရပြီး သူတို့လေးတွေက အရောင်မရှိတဲ့ အဝတ်ဟောင်းတွေဝတ်ထားတုန်းကတောင် သူတို့၏ချစ်စရာကောင်းမှုလေးတွေကို မဖုံးကွယ်နိုင်ခဲ့ရာ ယခုကဲ့သို့ အဝတ်သစ်လေးများဝတ်လိုက်သောအခါတွင်မူ ဒီကောသေးသေးလေးတွေရဲ့ချစ်စရာကောင်းမှုကို ဖော်ပြဖို့စကားပင်ရှာမတွေ့နိုင်ခဲ့တော့ပေ။ တစ်ယောက်ယောက်ကသာ သူတို့ကိုမြင်လိုက်ရင် ချက်ခြင်းအဝတ်နဲ့ထုပ်ပြီး ခိုးယူသွားချင်စိတ်ဝင်လာလိမ့်မည်။

သူတို့ရဲ့ ဝိုင်းပြီးရွှန်းလဲ့တောက်ပနေတဲ့ မျက်ဝန်းလေးတွေပဲဖြစ်ဖြစ်၊ နို့နှစ်ရောင်လိုဖြူဖွေးနေတဲ့ အသားရည်လေးတွေပဲဖြစ်ဖြစ်၊ နူးညံ့အိစက်နေပုံရသည့် သူတို့ရဲ့ပါးဖောင်းဖောင်းလေးတွေကပဲဖြစ်ဖြစ် ဘယ်အရာကနေနေ အလွန်ကိုချစ်ဖို့ကောင်းနေတာဖြစ်သည်။ ထပ်ပြီး ရှောင်ဟန်က ဒီကောသေးလေးလေးတွေကို ထိပ်မှာ ဆံထံဝိုင်းဝိုင်းလေးတွေထုံးပေးထားပြီး ဆံထုံးမှာ သူတို့အဝတ်တွေနဲ့အရောင်တူ အဝတ်ကြိုးစလေးတွေကိုလည်း ချည်ပေးထားသေးတယ်လေ။ သူတို့လေးတွေကိုကြည့်ရတာ လယ်သမားအိမ်ကကလေးတွေနဲ့မတူပဲ အိမ်တော်ကြီးတစ်ခုခုက ဖူးဖူးမှုတ်အလိုလိုက်ခံထားရတဲ့ သခင်ငယ်လေးတွေလိုပါပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now