အပိုင်း (၄၅)

Comenzar desde el principio
                                    

ဘာလို့ရယ်တော့မသိ ရှောင်ဟန်က ဒါကိုမြင်မှသာ စိတ်ချသွားနိုင်ပြီး သူကဆူညံ့နေသည့်လူတစ်စုကိုထားခဲ့ကာ အိမ်ထဲကသူ့ရဲ့အပ်ချုပ်တောင်းလေးဆီကို ပြန်လာခဲ့တော့သည်။

အခု သူက ရှောင်ဝူရဲ့အင်္ကျီလေးကို လက်စသတ်နေပြီး မနက်ဖြန်ဆိုလျှင် ကလေးနှစ်ယောက်အတွက် ဝတ်စုံသစ်လေးတစ်စုံစီ အဆင်သင့်ဖြစ်သွားပြီဖြစ်၍ ဆင်တူလေးဝတ်ပေးနိုင်ပေလိမ့်မည်။

အစက ရှောင်ဟန်က ကလေးတွေအတွက် အရင်ချုပ်ပေးရမလား၊ အိမ်ရဲ့ဦးစီးဖြစ်တဲ့ ပိုက်လီအတွက်ပဲ အရင်လျုပ်ပေးရမလားကို ဝေခွဲမရဖြစ်နေခဲ့သော်လည်း ပိုင်လီက ကလေးတွေအတွက်အရင်ချုပ်ပေးခိုင်း၍ သူတို့လေးတွေအရင်ချုပ်ဖြစ်သွားတာဖြစ်သည်။ ရှောင်ဝူရဲ့အင်္ကျီလေးပြီးရင်တော့ သူက ပိုင်လီအတွက် ပိတ်စအနက်ကိုသုံးပြီး ဝတ်စုံအသစ်တစ်ထည်ချုပ်ပေးဖို့စိတ်ကူးထားပါတယ်။

ရှောင်ဟန်က ချုပ်နေရင်းနှင့် အဝါရောင်နုနုလေးနှင့် အစိမ်းရောင်အနားသတ်များပါသည့် အင်္ကျီအသေးလေးကို ကိုင်ကိုင်ကြည့်နေကာ အလွန်ကျေနပ်၍နေခဲ့သည်။ တစ်လျောက်လုံးမှာ သူ့သားလေးတွေက ဟောင်းနွမ်းလွန်းကာ အရောင်တောင်မပေါ်တဲ့ အဝတ်တွေပဲဝတ်ခဲ့ရတာဖြစ်ပြီး ဒီလိုအရောင်လှလှလေးနဲ့ အသားလည်းကောင်းတဲ့အဝတ်လေးတွေကို သူ့သားတွေဝတ်ထားတာ မြင်ရတော့မယ်လို့တွေးမိတော့ ရှောင်ဟန်ရဲ့နှလုံးသားက ပျော်ရွှင်ခြင်းတွေနဲ့ပြည့်နှက်နေခဲ့တော့၏။ ဒါကြောင့် သူက ရှောင်ဝူအင်္ကျီလေးကို လက်ာစသတ်နေတဲ့တလျောက်လုံးမှာ ပြုံးနေခဲ့လေသည်။

ထိုနေ့ရဲ့ ညနေပိုင်းတွင် ပိုင်လီက အိမ်မှာ ကြက်ခြံလေးတစ်ခုဆောက်ခဲ့ကာ ကြက်တွေအကြောင်းပြောရလျှင် သူ ကျွဲနဲ့လှည်းဝယ်တဲ့နေ့က ကြက်ပေါက်လေး အကောင်နှစ်ဆယ်ကိုဝယ်လာခဲ့တာရှိသည်ပင်။ ဒါပေမယ့် နောက်နေ့မှာ သူတို့မိသားစုအကုန် ဆိပ်ကမ်းမြို့သွားမှာမလို့ သူကအဲနေ့ညနေခင်းမှာပဲ ကြက်လေးတွေကို ပိုင်အိမ်ကိုပို့ထားခဲ့လိုက်ပြီး နောက်ရက်များတွင်လည်း ကိစ္စတွေက တစ်ခုပြီးတစ်ခုဖြစ်နေလေရာ ပြန်မယူရသေးပဲရှိနေတာဖြစ်သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝDonde viven las historias. Descúbrelo ahora