"မလိုဘူး"
"ခွန်း... မင်းလိုက်ခဲ့မှာလား"
"..."
အာကာဝေယံ့မျက်လုံးထဲက မျှော်လင့်ချက်မီးတောက်ဟာ မှိန်ဖျော့ဖျော့နဲ့ လောင်ကျွမ်းနေတယ်။ ကိုကိုကတော့ ကျွန်တော့်ဘက်လှည့်လာပြီး...။
"ခန့်ငယ်..."
"ပြောလေ ကိုကို..."
"ခဏလောက်ပဲ ကွတ်ကီးစားရင်းနဲ့ ငါ့ကိုစောင့်နေပေးမလား..."
"..."
ဒါက ဘယ်နှစ်ကြိမ်မြောက်များပါလိမ့်...။
အစောင့်ခိုင်းခံရတာက အမြဲတမ်းကိစ္စမို့ ရေတွက်မထားမိဘူးဆိုပေမယ့် ကျွန်တော်စောင့်နေခဲ့ရတာ မနှစ်ဆောင်းရာသီကတည်းကလို့တော့ ထင်တာပဲ။ အမှန်ပြောရရင် စောင့်ရတဲ့အလုပ်ကို တကယ်မကြိုက်ဘူး။
ဒါပေမယ့် အရင်ကပြောဖူးသလိုပဲ ကျွန်တော့်စောင့်ဆိုင်းခြင်းတွေက သူ့ကိုပေးရမယ့် ပန်းစည်းကြီးဖြစ်လာမယ်ဆို ဘယ်လောက်ပဲဖြစ်ဖြစ် စောင့်နိုင်တယ်ဆိုတာ။"အင်း... ကျွန်တော်ကွတ်ကီးစားရင်း ကိုကိုပြန်လာမှာကို စောင့်နေမယ်"
နှင်းမှုန်လေးတွေနဲ့အတူ ကျွန်တော့်ခေါင်းပေါ်ကို ကျလာတဲ့ ညင်သာညံ့နုတဲ့ဖိအားတစ်ခု။
"အချိုများအောင်လုပ်ထားတာမို့ အရင်တစ်ခါလို နေလို့မကောင်းတဲ့ထိ အများကြီးမစားနဲ့၊ ကွတ်ကီးတွေမကုန်ခင် ငါပြန်လာခဲ့မယ်"
ကျွန်တော်ခေါင်းငြိမ့်လိုက်တယ်။ အစကတည်းက ကျွန်တော်ပြောပါတယ် သူ့လေသံဝဲဝဲလေးက သိပ်အာဏာစက်သက်ရောက်တာလို့...။
ဒူးထောက်နေတဲ့ အာကာဝေယံက ထရပ်လိုက်ပြီး ကိုကို့ဘက်ကို လက်ကမ်းတယ်။ နောက်တော့ သူ့ကိုလျစ်လျူရှုပြီး ဒီအတိုင်း ကားဆီလျှောက်သွားတဲ့တစ်ယောက်အတွက် ကားတံခါးကို အပြေးအလွှားသွားဖွင့်တယ်။ BMW အနက်ရောင်ဟာ လမ်းထဲကနေ လိမ့်ထွက်သွားတယ်။ ကျွန်တော်ကတော့ ကွတ်ကီးသွားစားဖို့ရာ တိုက်ခန်းဘက်ကို ပြန်လှည့်ခဲ့တယ်။
"Ginger bread man က ထွက်ပြေးမယ် ထင်နေခဲ့တာ၊ သူ့ကိုလုပ်ပေးတဲ့သူက ထွက်ပြေးသွားတယ်"
DU LIEST GERADE
Heartless December❄️ ZG version
RomantikHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
Beginne am Anfang