မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း

Start from the beginning
                                    

ရှောင်ဟန်က ပိုင်လီနိုးလာတာမြင်တာနဲ့ အဝတ်ခြင်းကိုချလိုက်ပြီး မေးလာ၏။

"မနက်စာပြင်ပေးရတော့မလားဟင်"

ပိုင်လီက ခေါင်းအသာငြိမ့်ကာ သန့်ရှင်းရေးအရင်သွားလုပ်လိုက်ပြီး သူပြန်ရောက်ချိန်တွင် ရှောင်ဟန်ကသူ့အတွက်မနက်စာပြင်လို့ပြီးသွားခဲ့ပြီဖြစ်သည်။ ဒီနေ့ရှောင်ဟန်ချက်ထားတဲ့မနက်စာက ပူပူနွေးနွေးအသီးရွက်ဘန်းမုန့်နဲ့ ကြက်ဥစွပ်ပြုတ်ဖြစ်ပြီး ခုနကမှပြန်နွေးထားပုံရကာ အငွေ့တထောင်းထောင်းနှင့်မလို့စားချင်သဖွယ်ဖြစ်လို့နေ၏။

ရှောင်ဟန်က ပိုင်လီမှာကြားတဲ့အတိုင်း တစ်နေ့ကိုသုံးနပ်စာချက်ပြီး သုံးနပ်လုံးမှာကပ်စီးမကုပ်ရဲပေ။ သူက နေ့ခင်းစာနဲ့ညစာမှာ ထမင်းနဲ့အသားဟင်းချက်ပြီး မနက်ခင်းမှာတော့ စွက်ပြုတ်နဲ့ဘန်းမုန့်လိုမျိုး စားစရာတွေကိုလုပ်တတ်သည်။ ပိုင်လီက အသီးရွက်ဘန်းမုန့်ကိုယူပြီး တစ်ကိုက်စားကြည့်လိုက်တော့ အရသာကမဆိုးပါဘူး။ အရင်ကရှောင်ဟန်ရဲ့လက်ရာနဲ့ယှဥ်ရင်တော့ အများကြီးတိုးတက်လာပါတယ်။

တကယ်တော့ ရှောင်ဟန်က လက်ရာဆိုးတာမဟုတ်ဘူးလေ။ ဒီမှာက ဟင်းခတ်ပစ္စည်းအဖြစ် ဆားတစ်မျိုးပဲသုံးလေ့ရှိကျတာတောင် ဆားကစျေးကြီးလို့ နည်းနည်းပဲထည့်ကျတာမလား။ ဘယ်လိုလုပ်ပြီးအရသာရှိနိုင်မှာလဲ။ ဒါကြောင့် ပိုင်လီက ဟင်းတွေကို ဆားထည့်သင့်တဲ့ပမာဏနဲ့ သကြားအနည်းပါထည့်သင့်ကြောင်း ပြောပြထားခဲ့ပြီး တခြားဟင်းခက်ပစ္စည်းအဖြစ် သုံးလို့ရတဲ့တချို့ကိုလည်းရှာပေးထားတာဖြစ်သည်။ ဒါကြောင့် ရှောင်ဟန်ရဲ့ဟင်းချက်လက်ရာကတိုးတက်လာပေမယ့် ဒီကောင်လေးက အရမ်းအဖိုးတန်တဲ့ သကြားလိုအရာမျိုးတွေကိုတော့ အများကြီးသုံးဖို့ဝန်လေးနေပုံရတယ်။ ဒါကြောင့် လက်ရာကတိုးတတ်လာတယ်ဆိုပေမယ့် စားလို့အဆင်ပြေရုံလောက်ပါပဲ။

ပိုင်လီက အစားသောက်ဂျီးများတတ်သူမဟုတ်တော့ ဒီလောက်နဲ့အဆင်ပြေပါတယ်။ ပိုင်လီ မနက်စာကို အေးအေးဆေးဆေးစားနေတာတွေ့တာနဲ့ ရှောင်ဟန်ကအပြင်ထွက်သွားဖို့ပြင်လိုက်သော်လည်း သူတံခါးဝမရောက်သေးခင်မှာပင် ပိုင်လီကမေးလာခဲ့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now