အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်

Start from the beginning
                                    

ချောင်ရန်က ဒါကိုကြားတော့ အားနာပေမယ့် ယူသွားဖို့သာဆုံးဖြတ်လိုက်သည်။ ပိုင်လီက ဆိပ်ကမ်းမြို့ကိုပုံမှန်လာရောင်းနိုင်မှာမဟုတ်ဘူးလို့ပြောနေမှတော့ သူကကြုံတုန်းယူသွားရတော့မှာပေါ့။

"ဒါဆိုလည်း မင်းအကိုကြီးက မျက်နှာအရေထူထူနဲ့ပဲ ယူသွားလိုက်မယ်နော် မင်းအိမ်ကအသေးလေးတွေကိုတော့ တောင်းပန်သွားရမှာပေါ့"

ထိုသို့ပြောပြီးနောက် သူက တဲအိမ်လေးတံခါးဝကနေ အပြင်ထွက်နေသည့် ခေါင်းလေးနှစ်လုံးကိုရယ်ကျဲကျဲဖြင့်လှမ်းကြည့်လိုက်လေသည်။

လူစုကွဲအပြီးမှာ ရှောင်ဟန်က သူတို့လေးတွေကိုအိမ်ထဲခေါ်သွားခဲ့ပေမယ့် သူတို့လေးတွေကတော့ ရောက်လာတဲ့လူစိမ်းကိုစပ်စုရင်း သူတို့အဖေကိုချောင်းကြည့်ချင်နေကျတုန်းပါပဲ။ ရှောင်ဟန်လည်း ပြောလို့မနိုင်ခဲ့ရှာဘူး။

ပိုင်လီကလည်း အရင်ထဲက ထိုကောင်လေးနှစ်ယောက် သူတို့ကိုချောင်းကြည့်နေတာကို သတိထားမိပြီးသားပင်။ ဒီလောက်ထင်သာမြင်သာဖြစ်နေတာကို ဘယ်သူကသတိမထားမိပဲနေမှာလဲ။ သူတို့ကတမင် မမြင်ချင်ယောင်ဆောင်နေတာဖြစ်ပြီး ချောင်ရန်ကသူတို့လေးတွေအကြောင်းထုတ်ပြောလာတဲ့အခါ ပိုင်လီက အသေးလေးတွေကိုလာဖို့ခေါ်လိုက်သည်။

"ရှောင်ဖူ ရှောင်ဝူ ဒီကိုလာပြီး ဦးလေးချောင်ကိုလာနုတ်ဆက်လှည့်လေ"

အသေးလေးများသည် သူတို့ချောင်းကြည့်နေတာလူမိသွားသဖြင့် အလွန်ရှက်သွားကျသော်လည်း သူတို့က သူတို့အဖေစကားကိုနားထောင်ပြီး ပိုင်လီထံပြေးသွားကျတုန်းပင်။ သို့သော် သူတို့က ပိုင်လီရဲ့ခြေထောက်များကိုဖက်ထားပြီး မျက်နှာကိုဝှက်ထားကျသဖြင့် ပိုင်လီက ရယ်ရခက်ငိုရခက်နှင့် ပြောလိုက်ရ၏။

"ဒီကောင်လေးတွေက နည်းနည်းတော့ရှက်တတ်တယ်"

ထို့နောက် သူက အသေးလေးတွေကိုကောက်ပွေ့လိုက်ပြီး သူ့ရင်ခွင်ထဲပုန်းချင်နေတဲ့ လူသားအသေးလေးတွေကိုပြောလိုက်သည်။

"ဘာလုပ်နေကျတာလဲ ဦးလေးချောင်လို့ခေါ်လိုက်လေ"

ပိုင်ရှောင်ဖူနှင့် ပိုင်ရှောင်ဝူသည် သူတို့အဖေစကားကြောင့် ချောင်ရန်ကိုချောင်းကြည့်လိုက်ကျပြီး အသံတိုးတိုးလေးများဖြင့် "ဦးလေးချောင်"ဟု တစ်ယောက်တစ်ခွန်းခေါ်လိုက်ကျသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now