အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်

Start from the beginning
                                    

"ကောင်းလိုက်တဲ့ဒရယ်ကြီး ဝဖြိုးနေတာပါပဲလား ဟားဟား ငါဒရယ်သားကိုငယ်ငယ်ကပဲစားဖူးခဲ့တာကွ မင်းလိုညီလေးတစ်ယောက်ရှိနေတာအရမ်းကောင်းတာပဲ"

ချောင်ရန်သည် ပျော်ရွှင်သွားသော်လည်း သူကမေးဖို့မမေ့ခဲ့ပေ။

"ညီလေးပိုင် မင်းဒီဒရယ်ကိုရောင်းမှာမလား"

ပိုင်လီက တခြားလူဆိုရင်တော့ ဒီဒရယ်ကိုရောင်းဖို့ စဥ်းစားဦးမှာပေမယ့် ချောင်ရန်ဖြစ်နေသည်အခါ ရောင်းပေးလိုက်ဖို့သာဆုံးဖြတ်ခဲ့သည်။ ဘာလို့လည်းဆိုတော့ သူက ချောင်ရန်လိုဖော်ရွေတတ်တဲ့သူကို တကယ်သဘောကျလို့ပါပဲ။ ပြီးတော့ နန်းချောင်ရွာအပြင်မှာ သူနဲ့ရင်းနှီးတဲ့သူလည်း မရှိသေးဘူးလေ။ မူလပိုင်လီရဲ့အပေါင်းသင်းတွေဆိုတာကလည်း မူလပိုင်လီလိုအမှိုက်တွေပဲဆိုတော့ သူ့အတွက် မိတ်ဆွေတချို့လိုနေတာအမှန်ပဲ။ ဒါကြောင့် ဘာလို့များသူက ချောင်ရန်နဲ့ခင်မင်မှုမတည်ဆောက်ရမှာလဲ။

"ကျွန်တော်ကအစကတော့ ဒါကိုအိမ်ကအသေးလေးတွေအတွက် အသားခြောက်လုပ်ပေးမလားလို့ ကျွန်တော့်အိမ်ကအသေးလေးတွေကလည်း အသားစားရတာအရမ်းကြိုက်တယ်လေ ဒါပေမယ့်အကိုကြီးချောင်လိုချင်တော့ယူသွားပါ အရမ်းမအေးခင် ကျွန်တော့်မှာအချိန်နည်းနည်းရှိပါသေးတယ်"

ချောင်ရန်က ထိုစကားကြားတော့အားနာသွားပြီး...

"မင်းအဆင်မပြေရင်လည်းရပါတယ် ငါကလည်းမင်းနောက်ထပ် အသားလာရောင်းမလားလို့မျှော်နေသေးတယ်ကွ မင်းမလာတာနဲ့ကြုံတုန်းမင်းအိမ်ကိုဝင်လာလိုက်တာ"

ပိုင်လီကတော့ ခေါင်းရမ်းရင်းပဲ...

"အဆင်ပြေပါတယ် အကိုကြီးချောင်လည်း ဒီရောက်နေပြီပဲ ကြုံနေမှတော့ယူသွားလိုက်ပေါ့ ကျွန်တော်ကဆိပ်ကမ်းမြို့ကိုတော့ပုံမှန်မလာနိုင်ပါဘူးဗျာ ရွာနဲ့ကအတော်လေးဝေးတယ်လေ တကယ်လို့ဒီအကောင်ကို ရောင်းဖြစ်ခဲ့မယ်ဆိုရင်တောင် မြို့လေးမှာပဲရောင်းဖြစ်လောက်မှာ တောဝက်တွေတုန်းကသာ အရမ်းများလို့ဆိပ်ကမ်းမြို့ထိလာလိုက်ရတာလေ ဒီအကောင်လောက်နဲ့တော့ အဲလောက်အဝေးကြီးလာဖြစ်မှာမဟုတ်ဘူး ဒါကြောင့် အကိုကြီးချောင် ရောက်လာတုန်းတော့ ယူသွားလိုက်ပေါ့ ကျွန်တော်လည်းလာမှမရောင်းနိုင်တာ"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now