မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ

Start from the beginning
                                    

အချိန်ကမနက်ခင်းပဲရှိသေးကာ ပိုင်လီကအပြေးလေ့ကျင့်ပြီးသားရအောင် တောစပ်ရောက်သည်ထိပြေးသွားခဲ့ပြီး အကြိမ်အနည်းငယ်ရောက်ဖူးပြီးလို့ ရင်းနီးစပြုလာပြီဖြစ်တဲ့ ပတ်ဝန်းကျင်တွင် လျှင်မြန်စွာဖြင့် တောင်ခြေအနက်ထဲသို့ တိုးဝင်သွားခဲ့သည်။

တကယ်တော့ ဒီတောင်က အရမ်းကြီးပြီး ဘေးပတ်လည်ကရွာတွေကလည်း ဒီတောင်ခြေထံမှ သစ်ခုတ်ခြင်းနှင့် ဟင်းရွက်ရိုင်းများခူးခြင်းကဲ့သို့သော အရာများကိုလုပ်လေ့ရှိသော်လည်း တောင်ခြေအနက်ထဲထိမဝင်ရဲကျပေ။ ဘာကြောင့်လည်းဆိုတော့ တခြားရွာကရွာသားတစ်ယောက်က မှိုရှာနေတုန်း တောင်ခြေအနက်ထဲထိဝင်သွားမိကာ ဝက်ဝံကုတ်ခံရပြီး သေဆုံးသွားခဲ့လို့ပါပဲ။ ဒါကြောင့် တောင်ခြေက အရမ်းအန္တာရယ်ကင်းနေတာတော့မဟုတ်ပါဘူး။ ရွာသားများသည် တောကောင်များကိုအလွန်ကြောက်ကျသည်ဖြစ်လို့ ထို့ကဲ့သို့သတင်းများကြားရသည့်အခါ တောင်ခြေအဖျားတွင်သာသွားလာရဲကျပြီး တောင်ခြေအနက်ထဲသို့ စမ်းသပ်ပြီးတောင် မဝင်ရဲကျရှာတော့ပေ။ သူတို့က တောင်ခြေအနက်ထဲမှာကံဆိုးပြီး သားကောင်ကြီးတစ်ကောင်ကောင်နဲ့ဆုံမှာအရမ်းကြောက်ကျတယ်လေ။

ပိုင်လီက စိမ်းစိုနေသောအပင်များကိုဖြတ်သန်းသွားကာ ရံဖန်ရံခါ၌ သူရင်းနီးပြီး စားလို့ရသည့်အသီးရွက်များတွေ့လျှင် ရပ်ကာခူးတတ်သည်မှလွဲ၍မရပ်ခဲ့ပေ။ တကယ်တော့ တောင်ခြေအနက်ထဲမှာ အရမ်းသာယာပြီး မြင်ကွင်းတွေကအရမ်းလှပါတယ်။ အရာရာတိုင်းက စိမ်းစိုသစ်လွင်နေပြီး ဆောင်းရာသီမှာပွင့်တတ်တဲ့ပန်းတွေကလည်း အဖူးအငုံလေးတွေအစီရီနဲ့ ရံဖန်ရံခါ၌ ငှက်များနှင့် တောကောင်တချို့အော်သံများကိုလည်းကြားရတတ်သေးသည်။ ပိုင်လီက သူ့မူလဘဝမှာလည်း တောတောင်တွေထဲ အပေါင်းသင်းတွေနဲ့ခရီးထွက်တတ်ပေမယ့် အဲဒီကတောတောင်တွေက ဒီမှာရှိနဲ့တောတောင်တွေနဲ့တကယ်ပဲယှဥ်ဖို့ဖြစ်နိူင်မှာမဟုတ်ပါဘူး။

ထိုအချိန်၌ပင် ပိုင်လီသည် ယခင်က ပိုင်မိန် မှာဖူးသည်ကို ရုတ်တရက်သတိရသွားကာ အိမ်တွင်အလှစိုက်နိုင်သည့် ပန်းပင်မျိုးကိုစတင်ရှာဖွေတော့သည်။ ပိုင်မိန်အကြောင်းပြောရရင် ညီမတစ်ယောက်မှမရှိခဲ့ဖူးတဲ့ပိုင်လီက ပိုင်မိန်လိုကလေးဆန်ပြီးတတ်ကြွတဲ့ညီမလေးတစ်ယောက်ရလိုက်တဲ့အပေါ် တော်တော်ပျော်ရွှင်နေပါတယ်။ သူကပိုင်မိန်ကို တခြားပိုင်ညီအကိုတွေထက်ပိုခင်တွယ်တယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now