Episode(35)

3.5K 420 94
                                    

[Unicode]

နောက်တစ်နေ့နံနက်မှာမင်းသားလေးရဲ့ကင်ပွန်းတပ်ပွဲဖြစ်သောကြောင့် စူးလုချင်း ၊ ကျူးရှင်းယွဲ့၊ ဝူအမတ်ကြီးနှင့်သူတို့ရဲ့အပေါင်းအပါတွေက နန်းတော်ကို ဝိုင်းထားကြပြီး စတင်ပုန်ကန်ဖို့ နန်းရင်ပြင်မှာရောက်နေကြသည်။

စူးတိုင်းပြည်ကတပ်ဖွဲ့အင်အားကများသောကြောင့် ထိုသူတို့ကိုပြန်လည်လုပ်ကြံရန် မင်ဟန်ရဲ့တပ်ဖွဲ့ထဲမှာ ဧကရာဇ်ဝမ်ရဲ့လူတွေထပ်ဖြည့်ထားရသည်။

"မင်းတို့ရဲ့ဧကရာဇ်ဝမ်ဘယ်မလဲ...နန်းတော်အပြင်ကိုထွက်ကြည့်လို့ပြောလိုက်စမ်း...ဒီမှာသူ့ကိုသတ်မဲ့လူတွေရောက်နေတယ်လို့ပြောလိုက်"

ဝူအမတ်ကြီးကရှေ့ဆုံးကနေဓားကိုကိုင်လျှက်ခပ်ထေ့ထေ့ပြောလာသည်။

"အဆင့်မရှိတဲ့ဝူအမတ်ကြီးကသိပ်ကိုဇောင်းကြွနေတာဘဲ"

သူတို့တပ်ဖွဲ့အမြောက်အမြားလာတိုက်တာတောင်တစ်စက်လေးမှတုန်လှုပ်မှုမရှိသည့်ဝမ်ဧကရာဇ်ရဲ့ပုံစံကြောင့် နှာခေါင်းရှုံ့လိုက်မိကြသည်။ထို့နောက်တစ်ခုထူးဆန်းသည်ကနန်းရင်ပြင်အထဲတွင်အမတ်တွေမှလွဲ၍ကင်ပွန်းတပ်ပွဲပြုလုပ်သောပျော်ပွဲရွှင်ပွဲတွေမရှိသလိုဧကရီနှင့်မင်းသားလေးကိုလည်းမတွေ့ရပါဘူး။

"ဆိုတော့ စူးတိုင်းပြည်ကစူးလုချင်း ၊ ကျူးရှင်းယွဲ့ ၊ ဝူအမတ်ကြီးနဲ့အပေါင်းအပါတွေကတိုင်းပြည်ကိုပုန်ကန်တာပေါ့ဟုတ်လား"

"ဟက်!ဟုတ်တယ်...အဲ့ဒီတော့ဘာဖြစ်သလဲထီးနန်းကိုအသာတစ်ကြည်စွန့်လွှတ်မလား ၊ သွေးချောင်းစီးလိုက်ရတော့မလား ဝမ်ရိပေါ်!"

"အပိုင်တွက်ထားကြတာပါ့ဘဲ...မင်းတို့ရဲ့အကြံအစည်တွေမဖြစ်မြောက်တော့မင်းတို့ကိုသနားမိတယ်"

"ဘာကို"

"ငါအမိန့်ပေးလိုက်တာနဲ့မင်းတို့တွေကျရှုံးခန်းဝင်ပြီးတစ်ခါထဲအချုပ်ခန်းထဲရောက်သွားမယ်"

"..."

"မင်ဟန်!!လှုပ်ရှားလိုက်တော့"

ဝမ်ဧကရာဇ်ကအချက်ပြလိုက်သည်နှင့် အစထဲက စူးတိုင်းပြည်ရဲ့စစ်တပ်တွေနောက်မှာအတန်းလိုက်နေရာယူထားသည့်မင်ဟန်ရဲ့တပ်ဖွဲ့တွေကစူးတိုင်းပြည်ကလူတွေကိုစတင်တိုက်ခိုက်သတ်ဖြတ်လိုက်သည်။
လျှပ်တစ်ပြက်အတွင်းဖြစ်ပျက်သွားသမျှအရာတွေကို လိုက်မမှီခင်သူတို့ရဲ့လည်ပင်းကိုဓားတွေဖြင့်ထောက်ထားသော ရဲမက်များ။

Ai Zhan(愛战) (completed)Hikayelerin yaşadığı yer. Şimdi keşfedin