Episode(24)

4.3K 454 68
                                    

[Unicode]

ဧကရီနေရာအတွက်အရည်အချင်းစစ်ပြိုင်ပွဲတောင်မကျင်းပရသေးပေမဲ့မိဖုရားရှောင်းရဲ့ကောင်းသောဂုဏ်သတင်းဟာပြည်သူတွေအကြားပြန်လည်မွှေးပျံ့လာခဲ့သည်။

"မောင်...ငါ့ကို အားဆေးလေးပေးပါအုံး"

ဒီနေ့နတ်နန်းကအမျိုးသမီးတွေနန်းတွင်းကိုဝင်ရောက်ပြီးတိုင်းပြည်မိခင်နေရာနဲ့ထိုက်တန်သူကိုအရည်းအချင်းစစ်ပြီး စတင်ရွေးချယ်မှာကြောင့် ရှောင်းကျန့်က ပြင်ဆင်ပြီး ရိပေါ်ရင်ခွင်ထဲဝင်ကာ ချွဲနေသည်။

"ပြွတ်စ်...ပြွတ်စ်...ပြွတ်စ် အားဆေးလေးပေးလိုက်ပြီ အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ အချစ်"

"ဟီး ဟုတ်ကဲ့"

"သွားကြရအောင်"

ရိပေါ်က ရှောင်းကျန့်နဖူးလေးကိုမြတ်နိုးစွာနမ်း၍ နန်းရင်ပြင်ဆီကိုခေါ်သွားသည်။

ထိုရောက်သည်နှင့်မျက်နှာကိုပုဝါအုပ်လို့အစီအရီရောက်ရှိနေကြသော နတ်နန်းကအမျိူးသမီးတွေကို ရှောင်းကျန့်က တစ်လေးတစ်စားဖြင့် သေချာအရိုအသေပြုနှုတ်ဆက်သည်။

ထိုလုပ်ရပ်ကြောင့်ဦးဆောင်သူအမျိုးသမီးအပါအဝင်အနားမှာရှိတဲ့လူတွေပါအံ့သြသလိုဖြစ်သွားကြသည်။
ရှေးယခင်ကနတ်နန်းကလူတွေကိုယုံကြည်ကိုးကွယ်ကြပေမဲ့ကျူးမုရန်လက်ထပ်မှစ၍သူတို့ကိုအရာမသွင်းသောကြောင့်ကျန်သည့်နန်းတွင်းသူတွေကလည်း သိပ်ပြီးအရေးတယူမရှိကြတော့။

သို့ပေမဲ့ မိဖုရားရှောင်းတစ်ဦးသာလျှင်ထိုသူတွေကို တစ်လေးတစ်စားနှုတ်ဆက်ခဲ့သည်။ဦးဆောင်သူ
ထိုအမျိုးသမီးကရှောင်းကျန့်ရဲ့လုပ်ရပ်ကြောင့်ရေသေအလားတည်ငြိမ်နေတဲ့မျက်နှာဟာအနည်းငယ်ပြုံးယောင်သန်းသွားသည်။

ပြိုင်ပွဲအတွင်းမှာလည်းရှောင်းကျန့်ကကျူးရှင်းယွဲ့ထင်သလိုမဟုတ်ဘဲစာပေပညာတွေ၊ဗဟုသုတတွေများစွာတတ်ကျွမ်းကြောင်းတွေ့လိုက်ရသည်။

ရှောင်းကျန့်မှာ ဧကရီတို့တတ်သင့်တတ်ထိုက်တဲ့ အပြုအမူတွေ၊အမူအရာတွေအားလုံးရှိနေပြီးစိတ်နေသဘောထားဟာလည်းအလွန်ကိုပြည့်ဝနေခဲ့သည်။

Ai Zhan(愛战) (completed)Where stories live. Discover now