Episode(20)

4.2K 466 48
                                    

[Unicode]

ယနေ့ဟာဝမ်ဧကရာဇ်နှင့်မိဖုရားရှောင်းတို့ရဲ့လက်ထပ်ပွဲနေ့...

ဝမ်ဧကရာဇ်ရဲ့လက်ထပ်ပွဲကခမ်းနားလွန်းပြီး တိုင်းပြည်အသီးသီးကရှင်ဘုရင်များလည်းတက်ရောက်ကြသဖြင့် နန်းတွင်းသူနန်းတွင်းသားအားလုံး အမှားမပါအောင် ဂရုတစ်စိုက်လုပ်ဆောင်ကြရသည်။

မင်္ဂလာပွဲဟာဝမ်ဧကရာဇ်တရားဝင်လက်ထပ်ခဲ့တဲ့မိဖုရားကျူးရှင်းယွဲ့နဲ့တုန်းကထပ်အဆပေါင်းများစွာကြီးကျယ်ခမ်းနားနေသဖြင့်ရှောင်းကျန့်ကိုအားကျသည့်သူများရှိသလို မနာလိုမုန်းတီးသူများလည်းရှိကြသည်။

"သခင်လေးရယ် လှရက်လိုက်တာ"

တစ်ကယ်လည်းမိဖုရားရှောင်းကနဂိုရှိရင်းစွဲအလှပေါ်တွင်မျက်နှာချေမှုန့်လေးတွေလူးထားပြီးနှုတ်ခမ်းပါးလေးတွင်လည်း ဆိုးဆေးအနည်းငယ်တင်ထားသောကြောင့် မြင်သူတစ်ကာ လည်ပြန်ငေးပြီး အသက်ရှူမှားတော့မည့်အတိုင်းပင်။

ခါးအောက်အထိဖြန့်ကျဲထားသောဆံနွယ်တွေက ပိတုန်းရောင်တောက်ပနေပြီးနူးညံ့ပျော့ပြောင်းနေသည်။
ထိုနူးညံ့ပျော့ပြောင်းသောဆံနွယ်များအပေါ်တွင် ဦးခေါင်းပေါ်ရှိအဆင်တန်ဆာမှတွဲကျနေသောကျောက်မျက်ရတနာ ကြိုးမျှင်တန်းလေးတွေက တစ်လက်လက်နေရာယူထားသဖြင့် မြင်ရသူများအဖို့ အလွန်ပနံသင့်လှသည်။

အကုန်ပြင်ဆင်ပြီးသည်နောက်မိဖုရားရှောင်းရဲ့ဦးခေါင်းအပေါ်မှ မျက်နှာအုပ်သည်အထိ ပိုးသားပုဝါအနီကိုအုပ်လိုက်သည်။

ရှောင်းကျန့်မှာလည်းစိတ်လှုပ်ရှားလွန်းလို့ခြေဖျားလက်ဖျားတွေအေးစက်တုန်ရီနေလျက်။

"ပြီးပြီလား ကျန့်ကျန့်...သွားကြရအောင်"

"ကောကော"

သူ့ဆီကိုလာခေါ်သောယွီကောကိုရှောင်းကျန့်တင်းကြပ်စွာဖက်ထားလိုက်သည်။သူ့ဘဝမှာ မောင်ပြီးရင် ယွီကောကသာ သူရဲ့အရင်းနှီးဆုံးအစ်ကိုဘဲ။
သူလက်ထပ်ပြီးသွားရင်ယွီကောကချင်နိုင်ငံကိုပြန်တော့မှာ။

"ကလေးလား ငိုနေပြန်ပြီ"

"ဟင့်~~~"

"မင်းကြီးက အခမ်းအနားထဲရောက်နှင့်နေပြီ သွားကြရအောင်လေ ငိုမနေပါနဲ့တော့"

Ai Zhan(愛战) (completed)Место, где живут истории. Откройте их для себя