Episode(1)

12.4K 615 58
                                    

[Unicode]

"ရိပေါ်ရေ....လောင်ကုန်း...လောင်ကုန်း!"

ချိုသာသောအသံလေးနှင့်အတူအမျိုးသားငယ်တစ်ဦးက အနည်းငယ်ညစ်နွမ်းနေသော သူ့ရဲ့ဝတ်ရုံကို မ၍ ဖိနပ်မပါဘဲပြေးလာသည်။ချွေးအနည်းငယ်ဆို့နေသော
မျက်နှာမှာလည်း အပြုံးပန်းတွေဝေဆာလျက်။

"ကျန့်...ကိုယ်အနောက်မှာ"

ထိုစကားသံကြောင့်ရှောင်းကျန့်ကအိမ်နောက်ဖေးကိုအလျင်အမြန်သွားလိုက်တော့ချွေးတစ်ရွှဲရွှဲအပေါ်ပိုင်းဗလာဖြင့်ထင်းခွဲနေသောအမျိုးသားဖြစ်သူကိုတွေ့လိုက်ရသည်။

"ဟူး...မောလိုက်တာ"

"ကျန့်အာ...ကျစ်!ဖိနပ်လဲမပါဘဲပြေးလာပြန်ပြီ...အဲ့ဒါတွေကိုယ်မကြိုက်တာ..ပြစမ်း...ပြစမ်း...ဒူးတွေလဲ ပွန်းလို့ကွာ"

"ဟီး...ဘာမှမဖြစ်ပါဘူးရိပေါ်ကလည်း...အဲ့ဒါအသာထားစမ်းပါ...မနက်ဖြန်တိုင်းပြည်ရဲ့ရှင်ဘုရင်တိုင်းခန်းလှည့်လည်မယ်တဲ့လေ...အဲ့ဒါရိပေါ်ရောငါနဲ့အတူမြို့ထဲလိုက်ခဲ့ရမယ်နော်"

"ကျန့်ရယ်...ကိုယ်ကအလုပ်တစ်ဖက်နဲ့လေ...ခါတိုင်းလို ကျန့်ဘာသာသွားကြည့်ပါလား"

"မရပါဘူး...ရိပေါ်ကိုရောပြချင်တာ...ပြီးတော့ဘုရင့်ရဲ့ညီမတော်လည်းပါမယ်တဲ့လေ...ဘုရင့်ညီမတော်က ကမ္ဘာပေါ်မှာအလှဆုံးမင်းသမီးလို့တောင်ပြောလို့ရတယ်တဲ့"

"ဘယ်သူတွေဘယ်လောက်ဘဲလှလှကိုယ့်ရဲ့ကျန့်ကိုတော့ မမှီပါဘူးဗျာ"

ထိုအခါရှောင်းကျန့်ကပိုလိုက်တာဆိုသည့်သဘောဖြင့် နှာခေါင်းရှုံ့လိုက်တော့ ရိပေါ်မှာ သဘောတကျ ထိုနှာခေါင်းလေးကို လက်လေးဖြင့် ညှစ်လိုက်သည်။

"ကျန့်အတွက်ကိုယ်ရေခပ်ထားပြီးပြီ...ရေချိုးရအောင်"

"ဟုတ်"

ရိပေါ်ကအနားမှာချွတ်ထားသည့်အင်္ကျီကိုပခုံးပေါ်ကောက်တင်လို့ ရှောင်းကျန့်လက်တစ်ဖက်ကို ဆွဲကာ အိမ်ရှေ့သို့ လာခဲ့လိုက်သည်။

ပြီးသည်နှင့် ဖုန်တွေနဲ့ပေတလူးလေးဖြစ်နေသည့် ရှောင်းကျန့်ကို ရေသေချာချိုးပေးဖို့ပြင်ရသည်။

Ai Zhan(愛战) (completed)Where stories live. Discover now