[Unicode]
"ကျန့်...ကျန့်အာရေ မောင်ပြန်လာပြီ"
နန်းတော်ကခွင့်ရက်မပေးသောကြောင့်ငါးလလောက်ကြာပြီးခါမှအိမ်ကိုပြန်လာရသဖြင့်သူ့အချစ်ကိုလွမ်းလို့လို့ရူးမတတ်ဘဲ။အခုသူ့မှာပိုက်ဆံတွေလည်း အလုံအလောက်စုမိပြီ။သူ့အချစ်သာ သိရင်အတော်ပျော်သွားမှာအသေအချာပင်။
ရိပေါ်က ပျော်ရွှင်စွာဖြင့် သူတို့အတူနေထိုင်ခဲ့သည့် အိမ်လေးထဲကို ပြေးဝင်သွားသည်။သို့ပေမဲ့ ခြောက်ကပ်နေသော အိမ်လေးကသာ စီးကြိုနေသည်။
"အာ...ဝမ်ရိပေါ် မင်းကအရူးဘဲ ကျန့်က ဆိုင်မှာရှိလောက်မှာပေါ့"
ရိပေါ်ကသူ့ခေါင်းသူပြန်ထုရင်းမြို့ထဲမှာရှိသည့်ရှောင်းကျန့်ရဲ့ဆိုင်ဆီသို့ဦးတည်လိုက်သည်။မြို့ထဲနှင့်သူတို့နေသည့်မြို့ပြင်က အနည်းငယ်လှမ်းပေးမဲ့ ရိပေါ်ရဲ့မျက်နှာမှာ မောပန်းခြင်းမရှိ ပြုံးရွှင်နေသည်။
"ဟင်!ဆိုင်မှာလည်း လူမရှိပါ့လား"
ထို့ကြောင့်ဆိုင်အနီးအနားရှိအဘွားကိုမေးလိုက်ရသည်။
"ဘွားဘွား ဒီဆိုင်ကကောင်လေးရောဟင်"
"ဒီဆိုင်ကလူချောလေးကဆိုင်ကိုမလာတာအတော်ကြာသွားပြီ"
"ဗျာ!!ဘာ~~~ဘာဖြစ်လို့တဲ့လဲ"
"အဲ့ဒါတော့အဘွားလည်းမသိပါဘူးကွယ်...အဘွားမြေးလေးကို မေးကြည့်အုံးမယ်...အားစူးရေ အားစူး"
အဘွားအိုကြီးကလှမ်းခေါ်သည့်အခါကလေးတွေနှင့်ဆော့နေသော အသက်14လောက်ရှိလောက်မည့် အားစူးဆိုသောကလေးမလေးကပြေးလာသည်။
"အားစူး...ဒီအနောက်ဘက် အပ်ချုပ်ဆိုင်က ကောင်ချောလေး သတင်းကြားမိသေးလား"
"အာ!ဟီးဟီး...အားစူးကနေရာတစ်ကာလျှောက်သွားနေတာဆိုတော့ အကုန်သိတယ်...အဲ့ဒီအပ်ချုပ်ဆိုင်က ခပ်ချောချောအစ်ကိုကြီးက အိမ်တော်တစ်ခုက သခင်လေးတစ်ယောက်နဲ့လိုက်ပြေးသွားတယ်တဲ့ ခ်ခ်"
"ဘယ်လို!!"
ကြားလိုက်ရသည့်စကားကရိပေါ်ရင်ဝကိုစောင့်ကန်လိုက်သလိုဘဲ။
![](https://img.wattpad.com/cover/337579937-288-k439388.jpg)