[Unicode]
"မောင်"
ထိုခေါ်သံကြောင့်အဆောင်တော်ထဲတွင်သဝဏ်လွှာတွေထိုင်ဖတ်နေသောဝမ်ဧကရာဇ်ရဲ့လက်ဖျားတို့ဟာ တုန်ရီလှုပ်ခတ်သွားသည်။နှလုံးခုန်သံကလည်းသာမန်ထပ်ပိုပြီး တစ်ဒုတ်ဒုတ်အခုန်မြန်နေသောကြောင့် ရင်ခွင်ထဲသို့တိုးဝင်လာသည့် သူတစ်ယောက် ကြားသွားမှာတောင်စိုးရိမ်မိပါသည်။
"မောင်လို့"
သူ့ရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီးခါးတွေကိုတင်းကြပ်စွာဖက်ထားသောကြောင့် ရိပေါ်အသက်ရှူအောင့်ထားမိသည်အထိ။
နှာဖျားဝကိုရစ်သီလာတဲ့ကိုယ်သင်းနံ့လေးကြောင့်လည်း ရိပေါ်မှာ အရူးတစ်ပိုင်း။ပြန်လည်ထွေးပွေ့ပြီး ဖက်ထားချင်သည့်စိတ်ကို ချုပ်တည်းလို့ ရိပေါ်ထိုလူကို ရင်ခွင်ထဲကထုတ်လိုက်သည်။
ချမ်းသာမှုကိုမက်မောလို့မောင့်ကိုအနှစ်နှစ်အကာလ
ထားခဲ့တဲ့မင်းကို အဲ့လောက်လေးတော့ မောင်လျစ်လျူရှုလို့ရတယ်မလား ချစ်သော။"ဘာကိစ္စရှိလို့လဲ ရှောင်းကျန့်"
"ကျန့်အာ...အရင်လိုဘဲ ကျန့်အာလို့ခေါ်ပါ မောင်ရယ်"
"ကျန့်အာက ဘယ်သူလဲ"
"ဟင့်...မောင်အနှစ်နှစ်အကာလရှာခဲ့တဲ့မောင့်ရဲ့ချစ်သူလေ"
"သြော်...သိပြီရိပေါ်ဆိုတဲ့ကောင်လေးကဆင်းရဲလို့ထားခဲ့တဲ့တစ်ယောက်ဘဲ"
"မောင်!မောင်ထင်သလိုမဟုတ်ပါဘူးမောင်ရယ်~~~ငါ့မှာမောင့်ကိုရှင်းပြစရာတွေအများကြီးရှိပါတယ်"
ရိပေါ်ကဟုတ်လားဆိုသည့်သဘောဖြင့်မျက်ခုံးတစ်ချက်ပင့်ကာ ရှောင်းကျန့်ကို ဂရုမစိုက်သည့်နှယ် သူ့ရဲ့သဝဏ်လွှာတွေကိုပြန်ဖတ်နေသည်။
"မောင်~~~"
"..."
"မောင်လို့~~~"
"..."
"လောင်ကုန်း~~~အဟင့်"
"..."
"အီးဟီး~~~"
ရှောင်းကျန့်ကရိပေါ်ရဲ့ဝတ်ရုံစလေးကိုလက်လေးဖြင့်ဆွဲကာရိပေါ်ကိုခေါ်နေပေမဲ့လျစ်လျူရှုခြင်းကိုခံလိုက်ရသောကြောင့် မျက်ရည်တွေတစ်အီအီကျပြီး ငိုကာမှရိပေါ်က အထိတ်ထိတ်အပြာပြာဖြစ်သွားသည်။