[Unicode]
"အား!!မောင်ရေ~~~ဗိုက်နာတယ်"
နံနက်စောစောအလင်းရောင်မရသေးတဲ့အချိန်
ထိုအသံကြောင့်အိပ်စက်နေတဲ့လူတွေအကုန်နိုးသွားကာ
ပြာယာခတ်သွားကြသည်။"အခုချက်ချင်းသမားတော်သွားပင့်ကြစမ်း!!!"
ဝမ်ဧကရာဇ်ရဲ့အော်ဟစ်သံကအဆောင်တွင်းကျယ်လောင်စွာဟိန်းထွက်လာလျှက်။
"မောင်~~~အဟင့်~~~နာ~~နာတယ် အီးဟီး"
အံကိုကြိတ်လို့မျက်ရည်တွေစီးကျနေသောချစ်ရသူကြောင့် ရိပေါ်ရင်အစုံမှာလွန်စွာနာကျင်လာရသည်။
"အင့်~~"
နှုတ်ခမ်းကိုဖိကိုက်ထားသောချစ်ရသူရဲ့ပါးစပ်ထဲကိုမိမိရဲ့လက်ဖျံထည့်ပေးလိုက်သည့်အခါသွားတွေနဲ့ဖိကြိတ်လာသည်။
"အရှင်...ဧကရီကိုသားဖွားဆောင်ပို့ရပါ့မယ်"
တစ်ပတ်အတွင်းဧကရီဖွားမြင်မှာကိုသိသည်မို့ကြိုတင်ပြင်ဆင်ထားသောပစ္စည်းတွေကိုဆွဲကိုင်လို့သမားတော်ကြီးက ဒရောသောပါးပြေးလာသည်။
"ဒီခန်းဆောင်ထဲမှာဘဲ မီးဖွားလိုက်!"
"မဖြစ်သင့်ပါဘူး အရှင်"
ချလွင်!!
"ခေါင်းမပြတ်ချင်ရင်ငါခိုင်းသလိုလုပ်စမ်း!ဧကရီကနာကျင်နေပြီ အခုချက်ချင်းခွဲစိတ်ဖို့ပြင်တော့"
"ဟုတ်~~~ဟုတ်ကဲ့~~အရှင်မင်းကြီးအပြင်ထွက်ပေးပါ~~~အရှင့်ရဲ့ဘုန်းကံနိမ့်နေပါလိမ့်မယ်"
"တောက်စ်!!ဘယ်ကအယူအဆတွေနဲ့မဖြစ်နိုင်တဲ့အရာတွေကိုလာပြောနေတာဘဲ!!ငါ့ဧကရီမီးဖွားတာကိုငါကအပြင်ကနေစောင့်နေပေးရမှာလား"
"ဝမ်ရိပေါ်!!အခုချက်ချင်းအပြင်ထွက်လိုက်တော့!!"
မွေးဖွားခါနီးမို့ရှောင်းကျန့်မှာတစ်အားနာကျင်နေသောကြောင့်နောက်ဆုံးလက်ကျန်အင်အားလေးဖြင့်အရစ်ရှည်နေသောဝမ်ဧကရာဇ်ကိုအော်ထုတ်လိုက်ရသည်။
"ဟုတ်ပြီ အချစ်လေး"
ချက်ချင်းလေသံပြောင်းကာဧကရီရဲ့ချွေးစို့နေသောနဖူးလေးကိုနမ်းလို့အခန်းပြင်ကိုထွက်သွားသော ဝမ်ဧကရာဇ်ပါလေ။