Episode(19)

3.9K 458 51
                                    

[Unicode]

"အရှင်~~~"

အရှင့်ရဲ့အဆောင်ကိုလာသခိုက်လမ်းမှာတင်ညီလာခံကပြန်လာသောအရှင့်ကိုတွေ့လိုက်ရသဖြင့်အပြေးဖက်မိသည်။သို့ပေမဲ့ကိုယ်ကိုယို့ပြီးရှောင်လိုက်သောကြောင့်ကျူးရှင်းယွဲ့မှာမျက်နှာငယ်လေးဖြစ်သွားသည်။

နန်းတော်ထဲမှာသူမအားကိုးရမည့်သူဆိုလို့အရှင်တစ်ယောက်ထဲသာရှိပေမဲ့လွန်ခဲ့တစ်ပတ်လုံးအရှင်ကနေမကောင်းတဲ့သူမဆီကိုတစ်ခါတောင်ရောက်မလာခဲ့ပေ။

"အရှင်~~~ရှင်းရှင်းဆီကိုတစ်ခါတောင်မလာခဲ့ဘူးနော်"

"..."

"ဟင့်~~~ရှင်းရှင်းမလုပ်တဲ့လုပ်ရပ်ကိုအရှင်အထင်လွဲနေပြီလား"

"တော်တော့!အဲ့ဒီကိစ္စကိုပြန်ပြီးအစဖော်မှာဆို ဒီနေရာကထွက်သွား...မဟုတ်ရင် မင်းကိုထပ်ပြီး ဒေါသဖြစ်မိလိမ့်မယ်"

"ဘာလို့လဲ!ဘာလို့လဲလို့!!အဟင့်~~~ရှင်းရှင်းမှာ အရှင်ဘဲရှိတာကို အရှင်ကစိမ်းကားနေတော့ "

"..."

"ရှင်းရှင်းမှာ အရင်ရက်တွေက အပျင်းဖျားပြီး အရှင့်နာမည်ဘဲတ,နေလို့ခေါ်ခိုင်းတာတောင် အရှင်ရောက်မလာခဲ့ဘူးနော်...အရှင်ရက်စက်လိုက်တာ"

ကျူးရှင်းယွဲ့ရဲ့မျက်နှာမှာမျက်ရည်တွေအပြည့်ဖြင့် နာနာကျင်ကျင်ပြောလိုက်သောထိုစကားကြောင့် ရိပေါ်ကနားမလည်ဟန်ကြည့်လာသည်။

"ကိုယ်တော့်ဆီကိုဘယ်သူမှရောက်မလာဘူး"

"ဟင့်~~~ထင်ပါတယ်~~~မိန်အာကပြောတယ်သူအရှင့်ကိုလာခေါ်တုန်း မိဖုရားရှောင်းကိုဘဲတွေ့လို့ အရှင့်ကို ရှင်းရှင်းဆီလာဖို့တောင်းတောင်းပန်ပန်ပြောခဲ့တာတဲ့~~~မိဖုရားရှောင်းကတစ်မင်သပ်သပ်မပြောတာနေမှာပေါ့~~~သူလည်း ရှင်းရှင်းကိုမုန်းနေပုံပါဘဲ"

ထိုစကားကြောင့်ရိပေါ်မျက်နှာကတန်းပြီးခက်ထန်သွားသဖြင့်ရှင်းယွဲ့နှုတ်ခမ်းတွန့်ကာပြုံးလိုက်သည်။

အဲ့ဒီလောက်ဆိုရိပေါ်ကဟိုကောင်ရှောင်းကျန့်ကိုဒေါသထွက်သွားတယ်ဆိုတာ အသေအချာဘဲ။

Ai Zhan(愛战) (completed)Where stories live. Discover now