Episode(33)

3.7K 441 82
                                    

[Unicode]

"မိဖုရားစူးက စူးတိုင်းပြည်ကစစ်တပ်တွေကို ထျန်းရှဲ့အတွင်းမှာတစ်ဖြည်းဖြည်းချင်းခေါ်သွင်းနေပါတယ် ဧကရာဇ်"

"သူတို့တပ်စခန်းချတဲ့နေရာကိုသေချာဝိုင်းထား...ပြီးတော့နန်းတော်ထဲမှာလည်းစစ်တပ်အင်အားတိုးချဲ့ထားလိုက်...ဧကရီရဲ့အနားမှာအဆင့်မြင့်ကိုယ်ရံတော်တွေအမြဲရှိနေပါစေ"

"အမိန့်အတိုင်းပါ ဧကရာဇ်"

ရိပေါ် စစ်သူကြီးကိုထွက်သွားဖို့လက်ဟန်ပြလိုက်ပြီး အိပ်ယာအထပ်မှာပက်လက်လှန်ကာဗိုက်လေးကိုထိန်းကိုင်လို့အိပ်ပျော်နေသောချစ်ရသူကိုအနမ်းပေးလိုက်သည်။

သူ့ရဲ့အချစ်ကသိပ်အေးချမ်းတာဘဲ~~~

အချစ်ရဲ့ကိုယ်ဝန်ကရှစ်လလောက်ရှိနေပြီး မွေးဖွားဖို့ နီးကပ်နေပြီမလို့ရိပေါ်မှာအစစအရာရာရင်တစ်မမနှင့်ဂရုစိုက်စောင့်ရှောက်နေရသည်။

စူးလုချင်း၊ကျူးရှင်းယွဲ့၊ဝူအမတ်ကြီးနဲ့သူတို့ရဲ့နောက်လိုက်တွေကတိုင်းပြည်ကိုပုန်ကန်ဖို့စီစဉ်နေကြပြီဖြစ်သောကြောင့်လည်း ရိပေါ်မှာ အဲ့ဒီအတွက် ပြင်ဆင်နေရသည်။

"အင့်"

"ကျွတ်စ်...ကျွတ်စ်...ကျွတ်စ် အိပ်အိပ် အချစ်"

"မောင်~~"

"မောင်ရှိတယ်နော် အချစ်လေး"

"အချစ်ကို ထူပေးပါအုံး"

ထို့ကြောင့်ရိပေါ်ကရှောင်းကျန့်ကိုညင်ညင်သာသာဆွဲထူလိုက်ပြီးပြေကျနေသောဆံနွယ်တွေကိုပိုးဖဲကြိုးအနီရောင်လေးဖြင့်စည်းနှောင်ပေးလိုက်သည်။

"အရမ်းအိပ်လို့ကောင်းတာဘဲ"

ရှောင်းကျန့်ကရိပေါ်ရင်ဘတ်ကိုခေါင်းလေးဖြင့်ပွတ်သပ်လို့ ခပ်ချွဲချွဲလေးပြောနေသည်။

"မွခ်ျ...နေ့လည်စာစားတော့မလား"

"ဟင့်အင်း~~~ဗိုက်မဆာသေးဘူးမောင့်ကိုဖက်ထားချင်တာ"

"ဟုတ်ပါပြီဗျာ...လာ,မောင့်ရင်ခွင်ထဲမှီလိုက်မောင်ကအထဲကပေါက်စလေးအတွက်စာအုပ်ဖတ်ပြမယ်"

Ai Zhan(愛战) (completed)Where stories live. Discover now