Episode(11)

3.5K 455 40
                                    

[Unicode]

ယနေ့နန်းတော်ထဲတွင်ခါတိုင်းနှင့်မတူဘဲလူများစွာယောက်ယတ်ခတ်နေကြသည်။အကြောင်းကတော့ချင်နိုင်ငံကနိုင်ငံရေးအရဆက်သလိုက်သည့်မိဖုရားအလျောင်းအလျာကိုကြိုဆိုရမည်ဖြစ်သောကြောင့်ပင်။
နိုင်ငံရေးအရ ကိုယ်လုပ်တော်တွေ ကြင်ယာတော်တွေ မိဖုရားတွေဆက်သကြပေမဲ့ အခုလို ပျော်ပွဲ ရွှင်ပွဲတွေဖြင့်ခမ်းခမ်းနားနားမကြိုဆိုဖူးပါ။

အခုလိုကြိုဆိုရခြင်းကတော့ချင်နိုင်ငံဟာဝမ်ဧကရာဇ်မျက်စိအကျဆုံးနိုင်ငံဖြစ်နေသောကြောင့်။ချင်နိုင်ငံကိုစစ်တိုက်ယူလို့ရပေမဲ့ ချင်နိုင်ငံဟာစစ်မက်မဖြစ်ပွားဘဲ တစ်သီးတစ်သန့်နေသည့်အေးချမ်းသည့်နိုင်ငံဖြစ်နေသည်။

အကယ်၍ စစ်တိုက်ခဲ့လျှင်လည်းနှစ်ဦးနှစ်ဖက် အသေအကြေ အပျက်အစီးများမည်။ဘာလို့ဆို ချင်နိုင်ငံရဲ့စစ်တပ်အင်အားကလည်း ထျန်းရှဲ့လောက်မဟုတ်ရင်တောင် နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့်အတွက်စစ်တပ်အင်အားများပြားသည်။

အခုတော့ချင်နိုင်ငံကဝမ်ဧကရာဇ်ရဲ့မိတ်ဖွဲ့ရန်ကမ်းလှမ်းစာကိုလက်ခံလိုက်သောကြောင့် ဆက်သလာသည့်သူကို ဝမ်ဧကရာဇ်ကိုယ်တိုင် မိဖုရားနေရာပေး၍ ကြိုဆိုနေသည်။

ဒူ! ဒူ! ဒူ!

ချင်နိုင်ငံရဲ့စစ်တပ်တွေနှင့်မိဖုရားအလျောင်းအလျာရဲ့ဝေါယာဉ်ကနန်းတော်ဂိတ်ဝကိုရောက်ရှိနေပြီဖြစ်ကြောင်းစည်တော်တီးပြီးသည်နှင့်တစ်ပြိုက်နက် နန်းတော်ထဲမှာလည်း အကအလှတွေ အတီးအခတ်တွေနှင့် ကြိုဆိုကြတော့သည်။

မိဖုရားလောင်းကိုလိုက်ပို့သည့်စစ်တပ်အင်အားတွေ ၊ ရွှေအတိနှင့်ပြုလုပ်ထားသောဝေါယာဉ်တွေကိုကြည့်ယုံနှင့်ချင်နိုင်ငံကထိုမိဖုရားလောင်းအပေါ်ဘယ်လောက်တောင်အလေးထားကြောင်းသိသာပေါ်လွင်လှသည်။
ထိုအချက်ကြောင့်ပင် ဝမ်ဧကရာဇ်ရဲ့မိဖုရားဖြစ်လာမည့် ချင်နိုင်ငံကသူကို အလေးပေးဆက်ဆံရမည်ဆိုတာ အားလုံးသိလိုက်သည်။

နန်းရင်ပြင်ကိုရောက်သည်နှင့် ဝေါယာဉ်ကရပ်သွားပြီး
ပထမဝေါယာဉ်ထဲကနေ ချင်နိုင်ငံရဲ့ဘုရင် ချင်ယွီဖုန်းက ဂုဏ်သရေရှိစွာဆင်းသက်လာပြီးနောက်ခန်းကဝေါယာဉ်ထဲကမိဖုရားလောင်းဆီကိုသွားကာလက်ကမ်းကြိုဆိုလိုက်သည်။

Ai Zhan(愛战) (completed)Where stories live. Discover now