Episode(31)

3.2K 406 56
                                    

[Unicode]

"ရော့ ဒီနေ့လည်းထပ်တိုက်လိုက်"

"အမိန့်အတိုင်းပါ ဧကရီ"

"..."

"မိဖုရားရှင်းကကျွန်တော်တို့တပ်တွေကိုသေချာကြီးကြပ်ခိုင်းထားပါတယ် တစ်ခုခုလှုပ်ရှားမယ်လို့ထင်တယ်"

"အင်း!သိပြီ...စူးလုချင်းကိုလည်းစောင့်ကြည့်ထား...မိဖုရားရှင်းနဲ့အနေနီးနေတယ်"

"စိတ်ချပါ ဧကရီ တာဝန်ကျေစေရပါ့မယ်"

"ဟုတ်ပြီ...သြော်!ဒါနဲ့ဒါလေးလေမနေ့ကဈေးထဲမှာတွေ့လို့ မင်းရဲ့ညီမလေးအတွက်ပေးလိုက်ပါ"

ရှောင်းကျန့်ပေးတဲ့ရွှေဆံထိုးကိုကြည့်၍မင်ဟန်မယူဖို့ငြင်းလိုက်သည်။

"ယူလိုက်ပါမင်ဟန်သူမကအပျိုလေးဆိုတော့အလှမက်မှာဘဲ...ပြီးတော့ဒီအသပြာတွေကမင်းအတွက်...အဘွားကိုလည်း ကျန်းမာရေးဂရုစိုက်ပါလို့ ပြောလိုက်ပါအုံး"

"အသပြာတွေကများလွန်းနေပါတယ် ဧကရီ"

"ကိစ္စမရှိတာမို့ ယူထားလိုက်ပါ"

"ကျေး~~ကျေးဇူးတင်ပါတယ် ဧကရီ"

မင်ဟန်က ယောက်ျားတန်မဲ့မျက်ရည်ကျလို့ ရှောင်းကျန့်ခြေရင်းမှာဦးညွှတ်နေသည်။စိတ်ထားကောင်းတဲ့ဧကရီက သူတို့မိသားစုအပေါ်မှာလည်း အဆင့်အတန်းမခွဲခြားဘဲအခွင့်အရေးပေးဆက်ဆံသည်။သူတို့အပေါ်မှာ ဧကရီရဲ့ကျေးဇူးတွေများလွန်းလို့ ဘယ်လိုဆပ်ရပါ့မလဲ။

"မင်းရဲ့လျှို့ဝှက်တပ်ဖွဲ့တွေက ယုံကြည်ရပါ့မလား မင်ဟန်"

"ယုံကြည်ရပါတယ် ဧကရီ...ကျွန်တော်မျိုးက ဧကရီလှူခိုင်းတဲ့ ဆန်တွေ ၊  စားစရာတွေ ၊ အသုံးအဆောင်ပစ္စည်းတွေကိုဧကရီကလှူခိုင်းတာလို့ပြောလို့ သူတို့တွေက ကျေးဇူးတင်နေကြတာပါ"

"သူတို့ကိုအရင်ကဦးဆောင်တာ ကျူးရှင်းယွဲ့ဆိုတာ မသိကြဘူးလား"

"သိကြပါတယ် ဧကရီ...ဒါပေမဲ့ ကျွန်တော်မျိုးက ဧကရီ့ရဲ့လူဖြစ်ပြီးတဲ့နောက် သူတို့တွေကို မိဖုရားရှင်းရဲ့မကောင်းကြောင်းပြောပြီး ဧကရီကောင်းကြောင်းကိုသာပြောခဲ့တာပါ"

Ai Zhan(愛战) (completed)Where stories live. Discover now