[Unicode]
"စစ်သူကြီး...မြို့ထဲမှာစစ်သူကြီးရဲ့အကူအညီလိုအပ်နေပါတယ်"
ရိပေါ်အခန်းထဲမှာစာဖတ်နေတုန်းသန့်ရှင်းရေးလုပ်ရင်းရောက်လာသည့် အမျိုးသမီးက တိုးတိတ်စွာစကားဆိုလာသည်။
"ဘာအရေးကိစ္စလဲ"
"စစ်သူကြီးကိုယ်တိုင်တိတ်တဆိတ်လိုက်ပြီးစုံစမ်းပေးမှဖြစ်မှာမလို့ပါ"
"ငါ့ကိုလမ်းမှာတော့မလုပ်ကြံဘူးမလား ဟားဟား"
"မဝံ့ရဲပါဘူး စစ်သူကြီး"
ထိုအစေခံအမျိုးသမီးကမနေ့ကသူ့ပစ္စည်းတွေကိုထိကိုင်လို့ရိပေါ်အော်ထုတ်လိုက်သည့်တစ်ယောက်။သူမပုံစံကလည်းလိမ်မည့်ပုံမပေါ်တာမို့ ရိပေါ်လက်ခံကာ ဆောင်နေကျ ဓားသေးသေးလေးကို ဝတ်ရုံထဲထည့်၍ သူမနှင့်အတူ ဘယ်သူမှမသိအောင် မြို့ထဲကိုလိုက်ပါလာခဲ့ရသည်။
"ရောက်ပါပြီ စစ်သူကြီး"
ထိုအမျိုးသမီးကအိုဟောင်းနေသောအိမ်တစ်အိမ်ရှေ့မတ်တပ်ရပ်ကာရောက်ပါပြီဟုပြောလာပြီးအိမ်ထဲကိုဝင်ခိုင်းသဖြင့်ဝင်လိုက်တော့အသက်60အရွယ်လူကြီးတစ်ယောက်က ရိပေါ်ကို ဂါရဝပြုလာသည်။
"ဘာအကြောင်းကိစ္စရှိလို့ ကျုပ်ကိုခေါ်လိုက်တာလဲ"
"စစ်သူကြီးဆီက အကူအညီတောင်းစရာရှိလို့ပါ"
"ဘာကိစ္စ"
"စစ်သူကြီးဆီမှာရှိတဲ့နဂါးပုံစံလေးပါတဲ့ဆွဲကြိုးကိုပြသပေးတော်မူပါ"
ရိပေါ်ကဘယ်လိုသိလဲဆိုသည့်ပုံစံဖြင့်ဘေးကိုကြည့်လိုက်တော့ထိုအမျိုးသမီးကခေါင်းကိုအောက်ငုံ့သွားသည်။
"ဘာအတွက်လဲ...မပြနိုင်ဘူးဆိုရင်ရော"
"အကူအညီတောင်းတာပါစစ်သူကြီး...အဲ့ဒီအရာလေးဟာလူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေနိုင်လို့ပါ"
"အဲ့ဒါကျုပ်နဲ့ဆိုင်သလား"
"ဆိုင်ပါတယ် စစ်သူကြီး"
ထိုလူကြီးက ခခယယတောင်းဆိုနေသောကြောင့် စစ်သူကြီးကစိတ်ရှုပ်သွားဟန်ကျစ်တစ်ချက်သပ်ကာ သူ့လည်ပင်းမှာဆွဲထားသောဆွဲကြိုးကိုဆွဲဖြုတ်လိုက်သည်။
![](https://img.wattpad.com/cover/337579937-288-k439388.jpg)