[Unicode]
ရှောင်းကျန့်မောင့်ရဲ့အဝတ်အစားတွေကိုထုတ်ပိုးပေးရင်း နှုတ်ခမ်းကိုဖိကိုက်လျှက် မျက်ရည်မထွက်အောင် ထိန်းထားရသည်။အခု သူကိုယ်တိုင် ချစ်ရသည့် မောင့်ကိုတစ်ခြားသူလက်ထဲထည့်ရတော့မည်။
"ကျန့်အာ...မောင်အားတဲ့ရက်ခွင့်ယူပြီးပြန်လာခဲ့မယ်နော်"
အဲ့ဒီအချိန်ကျ ငါမရှိတော့ရင် မောင်ဘယ်လိုနေပါ့မလဲ။
"ချစ်တယ် မောင့်ရဲ့ကျန့်အာ"
လုံလောက်ပါပြီ...မောင်သူ့ကိုမုန်းအောင်စကားကြမ်းကြမ်းတွေပြောခဲ့ပေမဲ့ မောင်ကသူ့ကိုမုန်းမသွားဘူး။
မောင့်ကိုမပိုင်ရတော့ပေမဲ့ မောင့်ရဲ့အချစ်ကို တစ်ယောက်ထဲပိုင်ဆိုင်ရတဲ့ အတွက် ကျေနပ်ပါတယ်။"သွားတော့လေ"
ရိပေါ် မသွားချင်သေးပေမဲ့ စိတ်ကို ဒုန်းဒုန်းချ၍ ရှောင်းကျန့်ရဲ့မျက်နှာတစ်ပြင်လုံးကိုဖိကပ်နမ်းရှိုက်လိုက်သည်။ကျန့်အတွက် သူကြိုးစားရမယ်။
"ငါ့အတွက်မို့အလုပ်ကိုသေချာလုပ်ပြီးကောင်းမွန်တဲ့ရာထူးတစ်နေရာရအောင် ကြိုးစားပါ~~~မင်းစိတ်ထဲမှာ ငါကလွဲပြီးဘယ်သူမှမရှိစေနဲ့"
သူအဲ့လောက်လေးတော့အတ္တကြီးသင့်တယ်မဟုတ်လား။
"စိတ်ချပါ အချစ်ရယ်...မောင် မင်းကလွဲပြီးဘယ်သူ့ကိုမှ စိတ်ထဲမထားပါဘူး"
ရိပေါ်က ရှောင်းကျန့်ရဲ့ကိုယ်လုံးလေးကို တင်းကြပ်စွာဖက်ထားလိုက်သည်။
"လာ ငါလိုက်ပို့မယ်"
"ရတယ် အိမ်အရှေ့ထိဘဲလိုက်ပို့ပေး ကျန့်အာ"
အိမ်ရှေ့ရောက်သည့်အခါ ရှောင်းကျန့်က ရိပေါ်ရဲ့နှုတ်ခမ်းကို ဖိကပ်နမ်းလိုက်သည်။
"ငါ့အတွက်နောက်ဆံမတင်းနဲ့...ငါအဆင်ပြေပါတယ်"
"ဟုတ်ပါပြီ...ချစ်တယ်ကျန့် မောင်သွားပြီ"
ထွက်ခွာသွားသည့် ရိပေါ်ရဲ့နောက်ကျောပြင်ကိုကြည့်လို့ ရှောင်းကျန့် ဒူးထောက်လျက်သားလဲကျပြီး ရှုံးပွဲချ ငိုမိသည်။