အပိုင်း (၃၂)
Начните с самого начала
"အဖေ မြင်းရုပ်လေးတွေရလာရင် သားတို့ကိုပေးမှာလား"
ပိုင်လီက ရက်အနည်းငယ်သာရှိသေးသော်လည်း ဤလူသားသေးသေးလေးနှစ်ယောက်ထဲတွင် ရှောင်ဖူက ရှောင်ဝူထက် ပိုပြီးစဥ်းစားစားတွေးတတ်တာကို သတိထားမိပြီးသားပင်။ သူက သူထံကပ်ချင်၍ ဆီပေနေတဲ့လက်လေးတွေနဲ့ကို့ရိုးကားယားဖြစ်နေသော ကောလေးကို လက်များသုတ်ပေးလိုက်ပြီးနောက် ကောက်ချီကာရင်ခွင်ထဲထည့်ထားလိုက်ပြီး...
"ဟုတ်တယ် အဖေကမြင်းရုပ်လေးလုပ်ပြီးရင် မင်းတို့ကိုပေးမယ်"
ရှောင်ဖူသည် ထိုစကားကြားတော့ အလွန်ပျော်ရွှင်သွားပုံရပြီး နောက်လှည့်ကာ ပိုင်လီ၏လည်ပင်းများကို သိုင်းဖက်လာ၏။ ဒါကိုကြည့်နေတဲ့ တခြားလူတွေကတော့ သုံးနှစ်လွန်အပြီးမှာ ပိုင်လီက ရက်အနည်းငယ်လေးအတွင်း ကလေးတွေနဲ့ဒီလောက်မြန်မြန်ကြီး နီးကပ်သွားမည်ဟုမထင်ထားကျတာကြောင့် အံသြနေကျရသည်။ သူတို့က ဘယ်တုန်းက ဒီသားဖတွေ ဒီလောက်ပြေလည်သွားမှန်းတောင် မသိခဲ့ကျဘူး။
ပိုင်ဝူက ဒါကိုငေးကြည့်နေပြီးမှ...
"ဒုတိယအကို ကျွန်တော်မေးတာကိုမဖြေရသေးဘူးလေ"
ပိုင်လီကတော့ ပိုင်ဝူ ဘာကိုစပ်စုချင်နေမှန်းမသိလို သက်ပြင်းချလိုက်ပြီး ရုပ်တည်နှင့်လိမ်ညာပြန်၏။
"ငါလည်း တစ်ခါမှမမြင်ဖူးပါဘူး အိမ်ကကလေးတွေမှာ ကစားစရာသိပ်မရှိဘူးထင်လို့ တစ်ခုခုလုပ်ပေးမယ်လို့စဥ်းစားရင်း ဒီတိုင်းအကြံရသွားတာ ပြီးတော့ငါ့မြင်းရုပ်က အရမ်းသာမာန်ဆန်တယ် အရမ်းလှမှာမဟုတ်ဘူး"
ဒါကိုတော့ ပိုင်လီကညာတာမဟုတ်ပါဘူး။ သူရဲ့စူးစမ်းတတ်တဲ့အကျင့်ကြောင့်သာ ရိုးရှင်းတဲ့ပုံတွေလုပ်နိုင်တာဖြစ်ပြီး သူကပန်းပုပညာမှာမကျွမ်းကျင်သဖြင့် မြင်းမှန်းသိနိုင်ရုံတင်ဖြစ်နိုင်ကာ လက်ရာမြောက်နေမည်တော့မဟုတ်ပေ။
သို့သော် ပိုင်ဝူကမူ အလွန်စိတ်ဝင်စားနေပုံရသည်။
"အဲတာဆို ဒီလိုကစားစရာမျိုးကမရှိလောက်ဘူးပေါ့ ဒါဆို အကို​ဒီနေ့လုပ်နေတာကြည့်ရသလောက်တော့ အရမ်းခက်တာမျိုးလဲမဟုတ်လောက်ပါဘူး တကယ်လို့ အကိုရောင်းမယ်ဆို ကလေးတွေကသဘောကျလောက်မှာနော် အကိုငွေချောင်းတစ်ချောင်းလောက်နဲ့တောင်ရောင်းလို့ရလောက်တယ် "