အပိုင်း (၃၂)

Start from the beginning
                                    

"အဲတာကတကယ်အရုပ်လေးလေ မင်းတူလေးတွေအတွက် ရှေ့နောက်လှုပ်လို့ရတဲ့မြင်းရုပ်လေးတွေလုပ်ပေးမလို့"

ပိုင်အဖေကမူလတွင် ပိုင်လီက သစ်မာသားကိုရှာလာတော့ အိမ်အတွက်အသုံးဝင်တာတစ်ခုခုလုပ်တော့မည်ဟုထင်ခဲ့သော်လည်း သူ့သားတွေအတွက်အရုပ်လုပ်ပေးဖို့ဟုတော့ မထင်ထားခဲ့ပေ။ သို့သော် သူက သူ့မြေးလေးတွေအတွက်ဆိုတာနှင့်ပင် ဘာမှမပြောတော့ပဲ ပိုင်ဝူကလည်း အံအားသင့်သွားပုံဖြင့်...

"မြင်းရုပ်လေးလား! အကိုကမြင်းရုပ်တောင်လုပ်တတ်တယ်ပေါ့ ကျွန်တော်နေ့ခင်းထဲက အဲတာလေးကလှုပ်လို့ရမယ်မှန်းတော့ သတိထားမိခဲ့ပေမယ့် မြင်းရုပ်လေးလို့တော့မထင်ထားမိဘူး ဒီလိုကစားစရာမျိုးကိုတစ်ခါမမြင်ဖူးဘူးရော် အကိုဘယ်လိုများအကြံရသွားတာလဲ"

ပိုင်ဝူတွင် အမှန်တကယ်စူးစမ်းလိုသော အကျင့်လေးရှိတတ်သည်။ သူက နေ့ခင်းထဲက ပိုင်လီက ထူးဆန်းတာတစ်ခုခုလုပ်နေတာထင်ပြီး တစ်ချိန်လုံးကြည့်နေခဲ့တာဖြစ်၏။ ဒါပေမယ့် အဲတာက ကလေးကစားဖို့အတွက်လို့တော့မထင်ခဲ့ဘူးရယ်။ သူ့ဒုတိယအကိုက ရုပ်တည်ကြီးနဲ့လုပ်နေခဲ့တာဆိုတော့ အရုပ်ပုံတစ်ခုခုထုပြီး အိမ်မှာအလှထားဖို့ ဒါမှမဟုတ်လည်း ငွေအတွက်ရောင်းဖို့လို့ထင်နေခဲ့ရှာတာ။

အသေးလေးများသည် တောယုန်သားကြော်ကိုနှစ်ခြိုက်စွာစားနေကျပြီး သူတို့အတွက်ကစားစရာဟုကြားသောအခါ ပိုင်လီကိုအပြေးလွှားကြည့်လာကျကာ ရှောင်ဖူကအရင်မေးလာခဲ့သည်။

"မြင်းရုပ်လေးလား အဖေ အဲတာကမြင်းရုပ်လေးတွေလား"

ရှောင်ဝူမှလည်း...

"မြင်းရုပ်လေးက လှုပ်လို့ရတာလား ဘယ်မှာလဲ အဖေ အဲတာကဘယ်မှာလဲဟင်"

ပိုင်ရှောင်ဖူသည် သူ့ညီလေးကအနည်းငယ်တုံးအသည်ဟုထင်ခဲ့၏။ ထို့ကြောင့် သူကပိုင်လီအစား ပြန်ဖြေပေးလိုက်ရသည်။

"ရှောင်ဝူ မြင်းရုပ်လေးကအခုမှ အဖေကလုပ်တုန်းပဲရှိသေးတာတဲ့ အခုတော့မရှိသေးဘူး"

မြင်းရုပ်လေးများကအခုမရှိသေးဘူးဆိုတာနှင့် ပိုင်ရှောင်ဝူသည် စိတ်မဝင်စားတော့ပဲ အစားကိုပျော်ပျော်ကြီးဆက်စားနေတော့ပြီး ပိုင်ရှောင်ဖူကသာ ပိုင်လီနားကပ်နေကာ...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now