အပိုင်း (၃၁)

Start from the beginning
                                    

ထို့နောက် ပိုင်စန်းကလည်း ဝိုင်းဝန်းပြောလာသဖြင့် ပိုင်အမေကနောက်ဆုံးမှာတော့ လက်ခံလိုက်ရတော့၏။ အဲဒီနောက် ပိုင်လီက ပိုင်အိမ်အတွက်ဝယ်လာသည့်တခြားပစ္စည်းများနှင့် ပိုင်ဝူအတွက် စာသင်သားပစ္စည်းများကိုလည်းပေးခဲ့သေးကာ သိပ်မကြာခင်မှာပင် အချိန်မစောမတော့သဖြင့် ပိုင်မိသားစုလည်း ပြန်သွားခဲ့ကျတော့သည်။

ပိုင်လီက အားလုံးပြန်သွားပြီးနောက် အသေးလေးများနှင့်အတူ အိမ်ကကျွဲကြီးကို ရေတိုက်ကာ ရှောင်ဟန်မနက်ကရိတ်လာသည့် ပေါင်းပင်အနုလေးများကို ဂရုတစိုက်ကျွေးခဲ့၏။ ဒိကောင်ကြီးက အရမ်းပင်ပန်းသွားရှာမှာပဲ။ ဆိပ်ကမ်းမြို့ကိုဆက်တိုက်ဆိုသလို နှစ်ခေါက်တောင်အသွားပြန်လုပ်လိုက်ရှာတာလေ။ အဲဒီနောက်ပိုင်လီက ရေချိုးချင်စိတ်ဖြစ်မိနေသော်လည်း ရှောင်ဟန်ပင်ပန်းခံပြီးသယ်ထားတဲ့ရေများကို မသုံးချင်သဖြင့် မနက်မှမြစ်ထဲသွားချိုးဖို့သာ ဆုံးဖြတ်လိုက်ပြီး ရှောင်ဟန်ပြင်ပေးသည့် ညစာကိုစားခဲ့သည်။ စားနေတုန်းမှာတော့ ပိုင်လီကဘာမှမပြောပေမယ့် စားပြီးသွားသည့်နောက်တွင် အသေးလေးများကိုသိပ်ပြီးသွားသည့်ရှောင်ဟန်ကို အနားလာရန်ခေါ်ခဲ့၏။

ရှောင်ဟန်က ပိုင်လီကိုကြောက်နေပေမယ့်လည်း ဒီလူက သူ့အိမ်ရဲ့ဦးစီးဖြစ်နေလို့သွားနေရတုန်းပါပဲ။ ပိုင်လီက သူ့ရှေ့မှာလာရပ်တဲ့ကောင်လေးကိုကြည့်ကာ နဖူးကိုနှိပ်နယ်လိုက်မိပြီး ပြောလိုက်ရသည်မှာ...

"ထိုင်လေ "

ရှောင်ဟန် ပိုင်လီသဘောအတိုင်းထိုင်လိုက်၏။ ထိုအခါ ပိုင်လီက ငွေချောင်းနှစ်ဆယ်ပါတဲ့အိတ်လေးကို ရှောင်ဟန်ရှေ့ပို့ပေးလိုက်ပြီး...

"ဒါကမင်းသုံးဖို့အတွက်ပေးတာ မင်းဘာပဲလုပ်လုပ် ဘာပဲဝယ်ဝယ် ဘယ်သူ့ကိုပဲပေးပေး မင်းသဘောအတိုင်းပဲ "

ပိုင်လီက ရှောင်ဟန်ရဲ့တဖြေးဖြေးပြူးလာတဲ့မျက်လုံးတွေကိုလှစ်လျူရှုကာ နောက်ထပ်ငွေအိတ်လေးတစ်ခုအား ထပ်ပေးရင်း...

"ဒီဆယ်ချောင်းက အိမ်မှာလိုအပ်တာအသေးလေးတွေအတွက်သုံးဖို့ နားလည်လား"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now