မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း

Start from the beginning
                                    

သူက နေ့ခြင်းညခြင်းငွေချောင်းရာဂဏန်းတော်တော်များများရှာနိုင်ခဲ့ပြီး ပိုအံသြစရာကောင်းတာက သူကအဲတာတွေကိုအရင်လိုဖြုန်းမပစ်ပဲ သူ့မိသားစုအတွက်သုံးချင်စိတ်ရှိခဲ့တာပါ။ အခုဆို သူက သူအိမ်ကကောတွေအတွက် ငွေထည်လက်ဝတ်ရတနာတွေပါဝယ်ထားပေးသေးတယ်လေ။

ရွာသားများသည် ပိုင်လီ၏ပြောင်းလဲသွားမှုကြီးကိုမယုံကြည်နိုင်သော်လည်း မျက်မြင်ကိုယ်တွေ့ဖြစ်ကျ၍ ယုံကြည်ရမည်သာပင်။ ပြီးတော့ ဒါကသူတို့အတွက်လည်းကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ ပိုင်လီကလှည်းနဲ့ကျွဲဝယ်ထားတဲ့အတွက် ဆိုလိုတာက နောက်နှစ်လယ်အလုပ်တွေလုပ်တဲ့အခါကျရင် သူတို့တွေကအရင်လို လှည်းနဲ့ကျွဲတစ်စုံကိုပဲအလှည့်ကျစောင့်စရာမလိုတော့ပဲ ပိုင်လီထံကလည်း ငှားနိုင်ပြီး အရင်ကထက်အနည်းငယ်ပိုအဆင်ပြေသွားကျမယ်လေ။

ဒါကြောင့် ရွာကလူတွေရဲ့သဘောထားသည် ပိုင်လီအပေါ်ပြောင်းလဲလာခဲ့ကျသည်။ သူတို့က ပိုင်လီကိုအမှိုက်ကောင်လို့တောင်မပြောတော့ပါဘူး။ ပြောခဲ့ရင်တောင် အဲတာကအတိတ်ကပိုင်လီနဲ့ အခုပိုင်လီကို ယှဥ်ပြတုန်းခဏပဲဖြစ်ပါလိမ့်မယ်။

ပိုင်လီက ရှောင်ရုံဟွာရဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးလွန်နေတဲ့ပုံရိပ်ကိုပြန်တွေးမိတဲ့အခါ ရှောင်အိမ်ကိုလိုက်မသွားခဲ့ပေ။ အကြီးကျန်းက အကုန်လုံးကိုပြန်ယူပေးပါလိမ့်မယ်။ သူကအဲအိမ်ကိုမသွားချင်ဘူး။

ထို့နောက် ပစ္စည်းများသည် အချိန်သိပ်မကြာပဲ ပိုင်လီအိမ်သို့ပြန်ရောက်လာခဲ့ပြီး ရွာအကြီးကဲက အလျော်တောင်းလာသည့် ကြေးပြားအနည်းငယ်လည်းပါလားသေးသည်။ ရွာသားတွေပြောတာကတော့ ရှောင်အိမ်ကသုံးယောက်က ငိုယိုအော်ဟသ်ပြီး ကျန်နေခဲ့တယ်တဲ့။

အဲဒီနောက် အကြီးကဲကျန်းက စပ်စုချင်နေစဲရွာသားတွေကို သူတို့တွေ နှစ်ရက်လောက်အနားမယူခဲ့ရကြောင်းပြောကာ မောင်းထုတ်လိုက်သဖြင့် ပိုင်လီ၏အိမ်တွင် ကျန်းမိသားစုက၊ပိုင်မိသားစုနဲ့ ရုံမိသားစုတို့ပဲကျန်ရှိနေခဲ့တော့၏။ ပိုင်လီက ရုံမိသားစုကိုကြည့်ကာ...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now