မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း

Start from the beginning
                                    

"သူတို့က ငါတို့တစ်ရွာလုံးကသူတို့ကိုမုန်းနေတယ်ထင်မှတော့ ဘာပတ်သက်စရာရှိတော့လို့လဲ! ငါ့မိသားစုကိုလည်း ဒီမိန်းမနဲ့လုံးဝမပေါင်းဖို့မှာမှရမယ် မဟုတ်ရင်မကောင်းတဲ့အကျင့်တွေတတ်မြှောက်လာလိမ့်မယ်"

"ငါလည်း ငါ့မိသားစုကကောကိုသတိပေးထားရမယ်"

ဤသို့ဖြင့် နန်ချောင်းရွာသားများသည် ဆူညံ့လျက်ရှိနေလို့ အသေးလေးများက ပ်ိုင်လီလက်ပေါ်မှနေ၍ စပ်စပ်စုစုကြည့်နေကျသည်။ အကြီးကဲကျန်းက ရေနွေးကြမ်းတစ်ခွက်သောက်အပြီးမှာ ပိုင်လီလူကြားထဲပြန်ရောက်လာတာလည်းမြင်တော့ ရှောင်မိသားစုနဲ့လဲ့ရှီကိုမကျေနပ်ကြောင်း အော်ဟစ်၊ကျိန်ဆဲနေတဲ့လူတွေကို ရပ်တန့်စေလိုက်၏။

"ကောင်းပြီ ငါတို့ကဒီနေ့ မမှောင်ခင်မှာပဲ ပိုင်လီရဲ့ပစ္စည်းတွေကိုယူသွားပေးရမယ် ပိုင်လီ မင်းရဲ့ပစ္စည်းတွေကိုတိတိကျကျသိတယ်မလား ရှောင်မိသားစုသုံးထားလို့ လျော့နေတာတွေရှိရင် ငါက တန်ဖိုးအတိုင်းအလျော်တောင်းပေးမယ်"

ရှောင်မိသားစု၏ အကြီးကဲများ ရွာသို့ပြန်မရောက်သေးပေမယ့် ရှောင်အိမ်မှာလူများရှိနေစဲဖြစ်သည်။ ပစ္စည်းတွေမပြည့်စုံရင် သူတို့ထံကအလျော်တောင်းရလိမ့်မည်။

"အကြီးကဲကို ကျေးဇူးတင်ပါတယ်"

ပိုင်လီက ထိုသို့အပြုံးလေးဖြင့်ပြောလိုက်၏။  ပိုင်လီ၏အပြုံးသည် အလွန်ရိုးရှင်းပြီး ပေါ့ပါးပုံကာ ဘာမှအထွေထူးမရှိပါက သူကထိုသို့အမြဲပြုံးနေတတ်သည်မှာ မူလဘဝထဲက အကျင့်ဖြစ်နေသော်လည်း ယခုလူများကမူ ပိုင်လီကယခင်ကနှင့်အတော်လေးပြောင်းလဲသွားသည်ဟုသာ ထင်မြင်မိသွားကျသည်။ ပိုင်လီက ကြိုးစားချင်စိတ်ရှိလာရုံတင်မက အရည်ချင်းပါရှိနေကာ ယဥ်ကျေး၍လည်းလာပြီး သူ၏ပင်ကိုယ်စွမ်းရည်နှင့် အကျင့်စရိုက်လည်း ပြောင်းလဲသွားပုံပင်။

ဒါက ရက်အနည်းငယ်ပဲရှိသေးတဲ့အတွက် အရမ်းသိသာပါတယ်။ သိပ်မကြာသေးခင်ကတောင် ဒီပိုင်လီက သူ့ရဲ့ကောကိုမြစ်ထဲမှာငါးသွားဖမ်းခိုင်းခဲ့ပြီး သူ့ကောက မြစ်ထဲပြုတ်ကျသွားတာတောင်မှ ငါးကို ကလေးတွေကိုတောင်မကျွေးပဲ တစ်ယောက်ထဲစားပြီး ဖျားသွားတဲ့သူ့ကောကိုလည်းဂရုမစိုက်ခဲ့ဘူးလေ။ ရက်အနည်းငယ်တွင်း ဒီလိုပြောင်းလဲသွားမယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now