အပိုင်း (၂၇)

Start from the beginning
                                    

ထို့နောက် ပိုင်အမေက ဒူးထောက်လိုက်သဖြင့် ပိုင်လီက မျက်မှောင်ကြုံ့မိကာ အလျှင်မြန်သွားထူပေးလိုက်ရသည်။ သူက လဲ့ရှီကိုမလွှတ်မြောက်စေချင်လို့ ပိုင်အမေကိုဒါတွေပြောစေခဲ့ပေမယ့် ဘာအပြစ်မှလုပ်မထားပဲ သူများကိုဒူးထောက်တာကိုတော့ မကြိုက်ပါဘူး။ သူက ပိုင်အမေကိုအမြန်ထူပေးလိုက်ပြီး...

"အမေ အမြန်ထပါ လူကြီးမင်းက ဒါကိုစစ်ဆေးပါလိမ့်မယ် ဒီကိစ္စမှာ ရွာအကြီးကဲအပါဝင် သက်သေအနေနဲ့တစ်ရွာလုံးနီးပါးရှိပါတယ်လေ လူကြီးမင်းကသေချာပေါက် မျှတအောင်လုပ်ပေးမှာပါ"

တရားသူကြီးဝမ်လီက သူ့ရှေ့ကလူတွေကို တိတ်တဆိတ်ကြည့်နေပြီး သူ့မျက်လုံးတွေက လဲ့ရှီနှင့်ရှောင်အိမ်ကလူနှစ်ယောက်အပေါ် ဖြတ်သွားတဲ့အခါ ချက်ခြင်းပင်အထင်သေးမှုများနှင့်ပြည့်နှက်သွားခဲ့သည်။ သူက အစကတော့ လဲ့ရှီပြောတာကိုယုံပြီး ဒါကမိသားစုတွေကြားကပြဿနာလို့ထင်ခဲ့ပေမယ့် ဒီမိသားစုဆိုတာက လွန်ခဲ့တဲ့သုံးနှစ်ထဲက ဖြတ်တောက်ထားမှန်းတော့မသိခဲ့ဘူး။ ကောင်းရော! ဒီနေ့ သူက လဲ့ရှီရဲ့လိမ်ညာလှည့်ဖြားတဲ့စကားတွေကို နှစ်ခါတောင် ယုံမိမလိုဖြစ်သွားခဲ့တာပဲ!

ဝမ်လီက ထိုအတွေးနဲ့အတူ ဒေါသပုန်ပြန်ထလာပြီး အကြီးကဲကျန်းနှင့်ရွာသားများအား မေးခဲ့သည်။

"ဒီလိုကိစ္စမျိုး တကယ်ပဲရှိခဲ့သလား!"

အကြီးကျန်းနှင့် ရွာသားများကလည်း အမြန်ပင် အမှန်ဖြစ်ကြောင်းပြောခဲ့ကျပြီး...

"အမှန်ပါပဲ လူကြီးမင်း အဲဒီနေ့က ရှောင်မိသားစုက ပိုင်လီနဲ့ရှောင်ဟန်တို့ကို အနာဂတ်မှာသူတို့မိသားစုနဲ့လာမပတ်သတ်တော့ဖို့ပြောခဲ့ပြီး ဒီငယ်သားကို သက်သေလုပ်ခိုင်းခဲ့ပါတယ်"

"ဟုတ်ပါတယ် လူကြီးမင်း ဒါကိုတစ်ရွာလုံးသိပါတယ် ရှောင်မိသားစုက သုံးနှစ်လုံး ပိုင်လီတို့အိမ်ကိုလာလည်ဖို့မပြောနဲ့ လမ်းမှာတွေ့ရင်တောင်မနုတ်ဆက်ကျပါဘူး "

"မှန်ပါတယ် လူကြီးမင်း လဲ့ရှီကငွေမက်တဲ့မိန်းမဆိုတော့ ပိုင်လီကတောဝက်တွေရလာတယ်ဆိုမှသာ ပိုင်လီတို့အိမ်ကိုလာတော့တာပါ သူမက အဆက်သွယ်ဖြတ်ပြီးသွားပေမယ့် အကျိုးမြတ်အတွက်ဆို အဲလိုပဲမျက်နှာပြောင်တိုက်တတ်ပါတယ်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now