အပိုင်း (၂၇)

Start from the beginning
                                    

ထို့ကြောင့် မော့ဟွာက အံကြိတ်ကာရှေ့တက်သွားပြီး လဲ့ရှီကိုလည်းမုန်းတီးစွာကြည့်ကာ...

"လူကြီးမင်း! ဒီဉာဏ်များတဲ့မိန်းမရဲ့လှည့်စားတာကိုမခံရပါစေနဲ့ သူမက မိသားစုဆိုတဲ့စကားကိုပြောချင်နေရင် ကျွန်မက ကျွန်မရဲ့ဒုတိယသားမိသားစုနဲ့ရှောင်အိမ်ကြားက ပတ်သက်မှုကိုသေချာပြောပြပါ့မယ်!"

တရားသူကြီးဝမ်လီမှာ အလွန်စိတ်ရှုပ်နေပြီဖြစ်သော်လည်း လယ်သမားရွာမှ မိသားစုများ၏အရှုပ်ထွေးများကို နားထောင်ပေးခဲ့ရလေသည်။ မော့ဟွာပြောပြသည်မှာ...

"လူကြီးမင်း ရှောင်မိသားစုက ရှောင်ဟန်ဟာအမှန်ပဲ ကျွန်မတို့ဒုတိယသားရဲ့ဇနီးဖြစ်ပေမယ့် လဲ့ရှီကရှောင်ဟန်ရဲ့မိထွေးဖြစ်ပြီး ရှောင်လျိုကလည်းအဖေအရင်းဖြစ်ပေမယ့် သူ့အပေါ်မကောင်းခဲ့ပါဘူး! လွန်ခဲ့တဲ့သုံးနှစ်က အိမ်ကဒုတိယနဲ့ရှောင်ဟန်က မဖြစ်မနေလက်ထပ်ဖြစ်ဖို့အကြောင်းဖန်လာခဲ့ပေမယ့် ဒီလဲ့ရှီက ကျွန်မတို့မိသားစုကို ငွေချောင်းတစ်ရာတောင်းခဲ့ပြီး မပေးရင် ဒုတိယသားကိုရုံးတော်ကိုတိုင်မယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်"

ထိုမဖြစ်မနေလက်ထပ်ဖို့အကြောင်းဖန်နဲ့ ငွေမပေးရင်ရုံးတော်ကိုတိုင်မယ် ဆိုတဲ့အကြောင်းနှစ်ချက်အရ ဝမ်လီကဘာတွေဖြစ်ခဲ့လဲဆိုတာ သဘောမပေါက်ပဲမနေပေ။ ဒီအတွက်သူက ပိုင်လီကိုအပြစ်တင်ချင်ပေမယ့် လဲ့ရှီတို့ဘက်ကတောင်းသည့် ငွေချောင်းတစ်ရာသည် လယ်သမားမိသားစုများအတွက်အလွန်များသောပမာဏဖြစ်နေစဲကို ပို၍အာရုံစိုက်မိခဲ့သည်။

ဒီလဲ့ရှီက တကယ်ကိုပဲ။ ငွေချောင်းသုံးဆယ်ကနေစပြီး ကျွန်တွေဝယ်လို့တောင်ရနေပြီကို လယ်သမားရွာကလူတစ်ယောက်အတွက် ငွေချောင်းတစ်ရာတကယ်ကြီးတောင်းရဲခဲ့တယ်။

မော့ဟွာက ဆက်ပြောခဲ့သည်။

"လူကြီးမင်း ကျွန်မတို့ကလယ်သမားတွေပါ ရွာမှာသတို့သမီးတင်တောင်းခက ငွေငါးချောင်းကျော်လေ့တောင်မရှိပါဘူး ကျွန်မတို့ကဘယ်လိုလုပ်ပြီးများ ချွေးမတစ်ယောက်အတွက် ငွေချောင်းတစ်ရာစုပြီးသားရှိခဲ့မှာလဲ! ဒါပေမယ့် ဒီလဲ့ရှီက ဒုတိယသားကိုရုံးတော်တိုင်မယ်လို့ပဲခြိမ်းခြောက်နေတာကြောင့် ကျွန်မတို့တစ်ဘဝလုံးခြစ်ကုတ်စုလာခဲ့ရတဲ့ အိမ်ကအငယ်ဆုံးသားကိုကျောင်းထားမယ့်ငွေချောင်းတွေကိုထုတ်ယူခဲ့ရပါတယ်! ကျွန်မမှာ သားလေးယောက်ရှိပေမယ့် တစ်ယောက်ကိုကျောင်းထားနိုင်ဖို့တောင် ဘဝတစ်လျောက်လုံးစုဆောင်းခဲ့ရတာပါ ဒါပေမယ့် ဒီလဲ့ရှီနဲ့ရှောင်မိသားစုက အကုန်ညှစ်ယူသွားခဲ့တယ်! လူကြီးမင်း ကျွန်မကဒါတွေကိုအလကားပြန်ပြောပြနေတာမဟုတ်ရပါဘူး အဲဒီတုန်းက ဒီလဲ့ရှီနဲ့ရှောင်မိသားစုက ငွေချောင်းတစ်ရာသာရရင် ရှောင်ဟန်နဲ့အဆက်ဖြတ်မယ်လို့ပြောခဲ့ပြီး ရွာသားတွေနဲ့ရွာအကြီးကဲကိုတောင်သက်သေလုပ်ခိုင်းခဲ့ပါသေးတယ်! လူကြီးမင်း ဒီလူတွေကတကယ်ပဲငွေချောင်းတစ်ရာရအပြီးမှာ ဒုတိယသားတို့မိသားစုနဲ့အဆက်သွယ်ဖြတ်ခဲ့ပြီး တစ်ချက်လေးတောင်လာမကြည့်ခဲ့ပါဘူး! လွန်ခဲ့တဲ့သုံးနှစ်လုံးလုံး ဒုတိယတို့မိသားစု ဘယ်လောက်ခက်ခဲနေနေ တစ်ချက်မကြည့်ခဲ့ပဲ သူတို့ရဲ့မြေးလေးတွေဖြစ်တဲ့ နှစ်နှစ်အရွယ်အမွှာလေးကတောင် သူတို့က သူတို့ရဲ့အဖိုးနဲ့အဖွားဖြစ်မှန်း မသိခဲ့ကျပါဘူး!! အခု ဒုတိယကတောဝက်တွေရောင်းရပြီးငွေချောင်းများစွာရှိလာမှန်းသိလို့သာ ကပ်ပါးကောင်တွေလို သွေးစုပ်ဖို့ လာနေခဲ့ကျတာပါ! ဒါကိုကျွန်မတို့ကဘယ်လိုလုပ်သည်းခံနိုင်ခဲ့မှာလဲ!! ဒါကြောင့် လူကြီးမင်းအနေနဲ့ မျှတအောင်လုပ်ပေးပါ ဒီရှောင်မိသားစုကလူတွေကို လွန်ခဲတဲ့သုံးနှစ်ကသူတို့စကားအတိုင်း ဒုတိယတို့မိသားစုကို မနှောက်ယှက်တော့အောင် လုပ်ဆောင်ပေးပါလို့ ဒီရွာသူက အနူးညွတ်တောင်းဆိုပါတယ်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now