ရုံးတော်၏စီရင်ချက်

Start from the beginning
                                    

ပိုင်လီက ပိုင်အမေနောက်မှာရပ်နေပေမယ့် ရွာအကြီးကဲ၏ဒေါသအရှိန် ရုတ်ခြင်းပင်ခံစားမိခဲ့ပြီး စိတ်ထဲ၌ လဲ့ရှီအားမလှောင်ပဲလည်းမနေနိူင်ခဲ့ပေ။

လဲ့ရှီရဲ့စကားတွေက ခြိမ်းခြောက်မှုအပြည့်ပဲ။ ဒီနေရာမှာ တခြားအကြီးကဲတစ်ယောက်ဆိုရင်တော့ မတော်တဆပဲဖြစ်ဖြစ် တစ်ခုခုမှားသွားရင် နေရာပျောက်မှာကြောက်လို့ ဒီကိစ္စကိုခေါင်းရှောင်ရင်ရှောင်သွားနိုင်ပေမယ့် ကျန်းရန်က တကယ်ဖြောင့်မတ်တဲ့သူဖြစ်ကာ ဒီစကားတွေကနည်းနည်းလေးမှမတားနိုင်တဲ့အပြင် ပိုပြီးတောင် ရုံးတော်ကိုတိုင်ဖို့တွန်းအပေးသလိုဖြစ်သွားလိမ့်မည်။

ပိုင်လီအတွေးတိုင်းပင် ဒေါသကြောင့်နှုတ်ခမ်းများပင်တုန်လာတဲ့ အကြီးကဲကျန်းက ဒေါသတကြီးနှင့် သူ၏သားများကိုပြောတာကြားလိုက်ရတော့သည်။

"ပထမနဲ့ဒုတိယ! အခုချက်ခြင်း လှည်းပြင်လိုက်စမ်း!! ငါကဒီကိစ္စမှာပါဝင်တဲ့လူတိုင်းကိုခေါ်ပြီး ရုံးတော်ကိုချက်ခြင်းသွားတိုင်မယ်!"

မူလတွင် အကြီးကဲကျန်းက ပိုင်လီပြန်လာတာကိုစောင့်ပြီး ပိုင်လီသာ အေးအေးဆေးဆေးဖြေရှင်းချင်ပါက နှစ်ဖက်ကြားညှိပေးမှာဖြစ်ပြီး ပိုင်လီသာရုံးတော်တိုင်ချင်ပါက ရွာအကြီးကဲအနေနှင့်လိုက်ပါပေးမှာဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ဒါသည် ပိုင်လီကတိုင်ကြားတာမဟုတ်ပဲ ရွာအကြီးကဲကသာတိုင်ကြားတာအဖြစ်ပြောင်းလဲသွားရတော့မည်။

ရွာအကြီးကဲ၏ဆုံးဖြတ်ချက်ကြောင့် ရွာသားများအပြင် ရုံမိသားစုနှင့်ရှောင်မိသားစုကလည်း အလွန်မင်းထိတ်လန့်သွားကျတော့၏။ ရုံမိသားစုက ဘာမှမဟုတ်တာလုပ်မထားဘူးဆိုပေမယ့် ရုံးတော်ဆိုသည်မှာ လူတိုင်းကြောက်သည့်နေရာဖြစ်သည်မဟုတ်ပါလား။ သူ့ဇနီးနှင့်သားများ၏ စိုးရိမ်ကာစိတ်လှုပ်ရှားနေသော အမူယာများကိုကြည့်၍ ရုံခန်းက...

"ဘာမှမစိုးရိမ်ကျနဲ့ ငါတို့ကမဟုတ်တာလုပ်မထားတဲ့အတွက် ဘာမှဖြစ်မှာမဟုတ်ဘူး"

ပိုင်အမေကလည်း ရုံးတော်ကိုကြောက်ပေမယ့် ရှောင်မိသားစု၏ အရှက်မဲ့မှုကိုအလွန်မုန်းတီးနေသဖြင့် အံကြိတ်ထားရင်း...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now