ရုံးတော်၏စီရင်ချက်
ابدأ من البداية
"အကြီးကဲကျန်း ရှင်ကပိုင်အိမ်နဲ့အရမ်းရင်းနှီးလို့ မျက်နှာလိုက်ချင်တာကိုနားလည်နိုင်ပါတယ် ဒါပေမယ့် ကျွန်မတို့ရှောင်အိမ်က လုံးဝမယူပါဘူးလို့ပြောပြီးတာတောင် လွှတ်မပေးချင်ဘူးပေါ့လေ ကောင်းပါတယ် ရှင်ကရုံးတော်ကိုသွားချင်မှတော့ ဘာမလိုက်ရဲစရာရှိရမှာလဲ! ဒါပေမယ့် ရုံးတော်က ကျွန်မတို့အပြစ်ကင်းကြောင်းဖော်ပြခဲ့ရင်တော့ ရှင်က ရွာရဲ့အကြီးကဲဖြစ်ပြီး မျက်နှာလိုက်လို့ ဖြူစင်တဲ့လူတွေကို မတရားစွပ်စွဲတဲ့အကြောင်း ကျွန်မတို့ကလည်း ရုံးတော်ကိုတိုင်ရလိမ့်မယ်! ဘယ်လိုလဲ! ရှင်သွားရဲသလား!!"
ပိုင်လီက လဲ့ရှီစကားများကြောင့် အကြီးကဲကျန်းအားကြည့်လိုက်မိကာ ရွာအကြီးကဲကျန်းကလည်း လဲ့ရှီက တကယ်ကိုမျက်နှာပြောင်တိုက်လွန်းပြီး ရွာ၏အကြီးကဲကိုပင် ခြိမ်းခြောက်ဝံ့နေတာကို မယုံနိုင်ဖြစ်နေသည်ကိုတွေ့ခဲ့ရသည်။ အကယ်၍ ရုံးတော်သည် အမှန်တကယ် ရှောင်အိမ်ကလူများ အပြစ်ကင်းကြောင်းဖော်ပြနိုင်ပါက လဲ့ရှီက ရွာအကြီးကဲအား ဤသို့တိုင်တန်းမည်ဆိုလျှင် ကျန်းရန်၏ ရွာအကြီးကဲရာထူးကဖယ်ရှားခံရပါလိမ့်မည်။
ရွာအကြီးကဲလုပ်နေပြီး ဖြူစင်သူကိုမတရားစွပ်စွဲမှု မှန်ကန်လျှင် ရာထူးအားဖယ်ရှားဖို့လုံလောက်ကာ ပိုင်လီအနေနဲ့ ဤနေရာသည် သူ၏မူလဘဝကသိထားသည့် ရှေးခေတ်၏နည်းဥပဒေသများနှင့် ကွဲလွဲသည်များရှိနေသည်ကို သိထားပြီးသားပင်။ ဤနေရာမှာ ကောဆိုတဲ့လိင်အမျိုးစားပါရှိနေသေးတဲ့အတွက် ပိုင်လီ၏ခန့်မှန်းချက်အရ ဤနေရာက သူ၏မူလကမ္ဘာနှင့်မတူညီသော ကမ္ဘာတစ်ခုပင်ဖြစ်နေန်ိုင်သည်။
ဒါကြောင့် သူ၏မူလကမ္ဘာ၏ရှေးခေတ်၌မည်သို့ရှိမည်မှန်းမသိသော်လည်း ဤနေရာ၏ ရွာအကြီးကဲများသည် အခွန်အနည်းငယ်လျော့ပေါ့ခြင်းကိုခံစားခွင့်ရှိပြီး ထိုရာထူးသည် ကန့်ကွက်သူမရှိသရွေ့ မျိုးရိုးစဥ်ဆက်လက်ဆင့်နိုင်သော နေရာမျိုးလည်းဖြစ်သည်။
ရွာအကြီးကဲကျန်းက အကြီးကဲနေရာကိုသူ့ဖခင်ထံက လွဲပြောင်းယူခဲ့ပြီး ရွာကိုအေးချမ်းမျှတစွာကြည့်ရှု့စောက်ရှောက်ခဲ့တာကြောင့် ဒီလိုမျိုး သူ့က သူနဲ့တည့်သူတွေကိုသာ မျက်နှာသာပေးတယ်ဆိုတဲ့စကားမျိုးကို  ဘယ်လိုလုပ်သည်းခံနိုင်မှာတဲ့လဲ။