အပိုင်း (၂၀)

Start from the beginning
                                    

ပိုင်မိန်ကပျော်ရွှင်စွာဖြင့် အဝါရောင်နုနုလေးနှင့် လိမ္မော်ရောင်နုနုလေးကိုရွေးခဲ့ပြီး ပိုင်လီက ခေါင်းငုံ့နေတဲ့ရှောင်ဟန်ကိုထပ်မမေးတော့ပဲ သူတို့မိသားစုအတွက် တော်တော်များများကိုဝယ်ခဲ့လိုက်သည်။

ဒါ့ကြောင့် ပိတ်စဆိုင်မှာ ပိုင်လီက ငွေချောင်းတစ်ရာကျော်ရှင်းခဲ့ရတော့၏။

ထိုငွေချောင်းတစ်ရာကျော်ထဲတွင် အပ်ချုပ်ပစ္စည်းတစ်တွဲလည်းပါဝင်သေးပြီး ဒါကတော့ ရှောင်ဟန်အတွက်ပါပဲ။ ပိုင်လီက ရှောင်ဟန်ကိုရှေ့လျှောက် ပင်ပင်ပန်းပန်းအလုပ်တွေ လုပ်ခိုင်းဖို့ရည်ရွယ်ချက်မရှိဘူး။ ကြည့်တော့သာ ရှောင်ဟန်ကအဆင်ပြေတယ်လို့ထင်ရပေမယ့် မူလပိုင်လီနဲ့လက်ထပ်ပြီးတဲ့သုံးနှစ်အတွင်းမှာ ရှောင်ဟန်အရိုက်ခံခဲ့ဏတဲ့အကြိမ်အရေတွက်က ရေလို့တောင်မရနိုင်တဲ့အတွက် ရှောင်ဟန်ရဲ့ခန္ဓာယ်က သိပ်မကောင်းလောက်တော့ပေ။ ဒါကြောင့် ပိုင်လီက ရှေ့လျောက် ရှောင်ဟန်ကို ခက်ခဲတဲ့အလုပ်တွေ ဘာမှလုပ်ခိုင်းမှာမဟုတ်ပါဘူး။ ဒါအတွက် ရှောင်ဟန်မငြင်းနိုင်အောင် သူ့ကိုတစ်ခုခုအလုပ်ပေးထားဖို့လိုပြီး အဲတာကတော့ အဝတ်ချုပ်ခိုင်းထားဖို့ပါပဲ။

ရှောင်ဟန်က ငယ်စဥ်ထဲကမိထွေးနဲ့ကြီးပြင်းလာရတာဖြစ်ပြီး မိထွေးကသူ့အပေါ်ညှာတာမှုမရှိခဲ့ဘူး။ လယ်အလုပ်တွေအပြင် အိမ်အလုပ်တွေနဲ့ အဝတ်ထည်ချုပ်ခြင်းလို အရာတွေကထိ ရှောင်ဟန်ကသာ လုပ်ရတာပင်။ ဤသို့နွမ်းပါးသော လယ်သမားရွာလေးများတွင် အဝတ်ထည်များကို အိမ်တွင်သာချုပ်ကျသည်ဖြစ်ပြီး ရှောင်အိမ်မှာ ရှောင်ဟန်အပြင် သမီးတစ်ယောက်နဲ့ ကောတစ်ယောက်ရှိနေသေးပေမယ့် လဲ့ရှီက ရှောင်ဟန်ကိုပဲ လုပ်စေခဲ့တယ်။ သိပ်ကောင်းတယ်။ ဒါမှ မိထွေးတွေရဲ့လမ်းစဥ်အစစ်ပဲ။

ရလဒ်က ရှောင်ဟန်က အဝတ်ထည်ချုပ်တဲ့နေရာမှာ ကျွမ်းကျင်လာခဲ့သည်။ ရှောင်ဟန်က ပန်းထိုးတဲ့အပိုင်းကိုလည်း အရမ်းစိတ်ဝင်စားပေမယ့် လယ်သမားရွာက ကလေးတစ်ယောက်ကို ဘယ်လိုလုပ်သင်နိုင်မှာလဲ။ အကယ်၍ ရှောင်ဟန်သာပန်းထိုးတတ်မယ်ဆိုရင် မူလပိုင်လီ သူတို့ကိုအစားစာမပေးရင်တောင် သူနဲ့အသေးလေးတွေအတွက် ပန်းထိုးပြီး ငွေအနည်းငယ်ရှာနိုင်ခဲ့မှာပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now