ထယ်ရယ် ကျန်းဟောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလေ။ အဲ့တာကြောင့် ဟိုရက်က စျေးဝယ်ထွက်ဖို့ ခေါ်ခဲ့သလို အိမ်မှာလည်း အကြောင်းမရှိအကြောင်းရှာပြီး စကားတွေ သွားသွားပြောဖြစ်နေတယ်။
စိတ်လှူပ်ရှားတဲ့ပုံမပေါက်အောင်တော့ နေတတ်ရတာပေါ့။ အခုထက်ထိကို ကျန်းဟောက်နားရောက်ရင် လက်ဖျားတွေ အေးစက်စက်ဖြစ်သွားတုန်း။

ကျန်းဟောက်ကတော့ ထူးဆန်းတယ် ထင်နေမှာပဲ။
မတတ်နိုင်ပါ။ ထယ်ရယ်လည်း ကိုယ့်ဘက်က စလိုက်တာမျိုးတွေ တစ်ခါမှ မလုပ်ဖူးလို့ ကံကိုယုံပြီး ဆူးပုံတော့ နင်းထားရသည်လေ။

ကျန်းဟောက်ရဲ့ သင်တန်းရှေ့ကို ရောက်တဲ့အချိန်က ခြောက်နာရီအတိ။ ကံကောင်းချင်တော့ ထယ်ရယ် ရောက်ပြီး သိပ်မကြာခင်မှာပဲ သင်တန်းထဲက လူတွေ အသီးသီးထွက်လာကြ၏။

ကျန်းဟောက်ကတော့ နောက်ဆုံးမှ တယောအိတ်လွယ်လျက် ထွက်လာလေသည်။

" ထယ်ရယ်က ဘာလို့..ဒီကိုရောက် ?"

" လမ်းကြုံလို့ ခဏဝင်ရပ်နေတာ...နည်းနည်း မိုးအုံ့ချင်နေတယ်လို့ ထင်မိလို့"

ကျန်းဟောက်က ကောင်းကင်ကို တစ်ချက်ကြည့်တော့ မိုးအုံ့နေတဲ့ အရိပ်အယောင်ရှိနေတာ မြင်ပြီး မျက်နှာလေး တစ်ချက်မဲ့သွား၏။
မိုးလေဝသ မကြည့်မိတဲ့ ရက်မှပဲ ရာသီဥတုက မကောင်းနေကြောင်း တွေးနေတာ ဖြစ်လောက်သည်။

" အတန်းစောဆင်းဖြစ်ပေမယ့် ကောင်းကင်က မလှဘူးပဲ"

" ကောင်းကင် မလှပေမယ့် ကျွန်တော်လှတယ်လေ ကျွန်တော့်ကိုကြည့်ပေါ့"

ရွှတ်နောက်နောက်ပြောမိတဲ့ ထယ်ရယ့်ကို တိတ်တိတ်လေး မျက်စောင်းထိုးကြည့်တယ်။
ညနေလေအေးတိုက်လို့ထင်ပါတယ်လေ...အပြင်ဘက်မှာ ရပ်နေရင်းကို ပန်းရောင်စစသန်းနေတဲ့ ပါးမို့မို့လေးတွေရယ်။
လူတစ်ယောက်က မျက်စောင်းထိုးတာတောင် ဒီလောက်ထိ ချစ်ဖို့ကောင်းနိုင်ပါသလား။

" မကြည့်ချင်ပါဘူး စပ်ဖြီးဖြီးနဲ့"

" ကျန်းဟောက်ကလည်း~"

နှစ်ယောက်သား ရာသီဥတုအခြေအနေကို မှန်းမရတာနဲ့ တက်စီအရင်ငှါးလိုက်သည်။ ကားပေါ်မှာ ကျန်းဟောက်က ခပ်တိုးတိုး လာမေးပါ၏။

shady☆ [julyz] ✔️Where stories live. Discover now