မုဆိုးကြီးအိမ်ကစားသောက်ပွဲ

Start from the beginning
                                    

ပိုင်လီက သူတို့အတွက် မုန့်ချိုတစ်ထုပ်ပေးလိုက်ပြီး တစ်ထုပ်မှာ ဆယ့်နှစ်ခုပါပြီး သကြားပါဝင်မှုနည်းလို့ သိပ်မချိုပေမယ့် အချိုရှားလွန်းတဲ့အတွက် ကလေးတွေကတော့ကြိုက်နေကျတုန်းပါပဲ။

"ဒီတစ်ထုပ်ကို အခုစားလိုက်ကျ ရှောင်မိန် မင်းရဲ့ဒုတိယယောင်းမ ဆေးသောက်ပြီးရင်စားဖို့နည်းနည်းပေးလိုက်ဦး မင်းပြန်ရင် တစ်ထုပ်ကိုအိမ်ပြန်ယူသွား အမေ့အခန်းထဲထည့်ထားပြီး စားချင်မှသွားစားလိုက် အကိုကနောက်မှ ရှောင်မိန်အခန်းအတွက် သော့ဝယ်ပေးမယ်"

ပိုင်မိန်က သူမအတွက်သော့ဝယ်ပေးမည်ဆို၍ အလွန်ပျော်သွားသည်။

ရှောင်ဟန်ကတော့ ပြာပြာသလဲဖြင့်...

"မ မဟုတ်တာ ကျွန်တော်မစားချင်ပါဘူး ကလေးတွေအတွက်ပဲထားလိုက်ပါ"

ပိုင်လီက ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှထပ်မပြောတော့ဘူး။ ဒီမှာက အိမ်ရဲ့ဦးစီးဖြစ်တဲ့သူရဲ့စကားက အမိန့်လိုပဲလေ ဟဲဟဲ။ ပြီးတော့ ဒီလိုတိုင်းရင်းဆေးတွေကအရမ်းခါးတာကို သူသိတယ်လေ။

အချိုမုန့်ထုပ်တွေက တစ်ထုပ်ကိုကြေးပြားနှစ်ဆယ်ရှိပြီး သာမာန်လယ်သမားတွေရဲ့ တစ်နေ့လုပ်အားခနီးနီးလောက်ရှိလို့ ပြောရရင်တကယ်ကိုစျေးကြီးလှတယ်။ ပိုင်လီက ငါးထုပ်ဝယ်လာခဲ့ပြီး တစ်ထုပ်ကိုအခုပေးလိုက်ပြီးနောက် တစ်ထုပ်ကပိုင်အိမ်အတွက်ဖြစ်ပြီး ကျန်သုံးထုပ်က အသေးလေးတွေရဲ့နောက်ရက်စာအတွက်ပါပဲ။

အချိန်က နေ့ခင်းသုံးနာရီနီးနီးလောက်တော့ရှိလောက်ပြီ။ တောဝက်ကလီစာတွေက သန့်စင်ပြီးပြုတ်ထားပြီးသားပေမယ့် ဒီနေ့ဝယ်လာတယ် ရိုးရိုးဝက်ကလီစာတွေကတော့ မသန့်စင်ရသေးလေဘူး။ အိမ်ကရေတွင်းလည်းမရှိတော့ ပိုင်လီက မြစ်မှာငါးရှာလို့ရမရကြည့်ရင်း မြစ်ရေနဲ့သွားဆေးဖို့ပဲကြံလိုက်တော့တယ်။

မဖြစ်ဘူး သူအိမ်မှာ ရေတွင်းမြန်မြန်တူးရမယ်။

အဲတာကြောင့်ပိုင်လီက ရှောင်ဟန်ကို တချို့ညွှန်ကြားခဲ့လိုက်တယ်။

"ငါမြစ်ဆီခဏသွားလိုက်ဦးမယ် မင်းဆေးကျိုပြီးသောက်ထားနှင့် ပြီးမှ အသားခြင်းထဲက ဝက်လက်နဲ့အရိုးတွေကိုရောပြီး စွပ်ပြုတ်ချက်ထားနှင့်လိုက် ကျန်တာတော့ငါပြန်လာမှလုပ်မယ်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now