အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
Ξεκινήστε από την αρχή
ငွေခြောင်းထောင်ကျော်က သူတို့ဘဝတွေကိုပိုကောင်းလာအောင်လုပ်ပေးနိုင်ပေမယ့် ပိုင်လီအကြိုက် မိန်းမတွေကိုလည်းများစွာဝယ်ယူလို့ရနိုင်တယ်။ နောက်ဆုံးမှာ သူ့ခင်ပွန်းကဘယ်လမ်းရွေးမလဲဆိုတာကို သူမစဥ်းစားရဲတော့ဘူး။ သူက စိုးရိမ်စိတ်တွေနဲ့ပဲ ပိုင်လီပြန်အလာကိုပဲမျှော်နေမိတော့တယ်။
ပိုင်အဖေက ငွေစာရွက်တွေက သူနဲ့ပါလာကြောင်းကို ပိုင်အမေကိုပဲတိုးတိုးတိတ်တိတ်ပြောပြထားခဲ့တာဖြစ်ပြီး သူ့သားတွေနဲ့ချွေးမတွေကိုပေးမသိချင်ခဲ့ဘူး။ ဒီငွေချောင်းတွေက လူတွေကိုလောဘတတ်စေမှာဖြစ်ပြီး သူတို့က သူတို့ကလေးရဲ့ငွေတွေကိုအပိုင်မစီးချင်သလို တခြားကလေးတွေရဲ့စိတ်ထဲမှာလည်း မကောင်းတာတွေမဝင်စေချင်ဘူး။
မိသားစုထဲမှာ လှောင်ပြုံးပြုံးနေနိုင်တဲ့လူတွေကတော့ ကျိုးရှိနဲ့စုရှီတို့ပါပဲ။ ကျိုးရှီက စိတ်ထဲကမပါတဲ့အသံနဲ့...
"အိုက်ယား ဒုတိယမတ်လေးကတော့လေ ပြောတော့လိမ္မာတော့မယ်ဆိုပြီး ဘာလို့များ ဒီလိုထပ်ပြီးဆိုးမိုက်ရတာလဲနော် ငွေတွေကိုဒီလိုပဲဖြုန်းပြစ်နေတယ် သူ့သားကောလေးနှစ်ယောက်ကို လုံးဝမကြည့်ဘူးပဲ"
အဲဒီနောက် ကျိုးရှီက ရှောင်ဟန်တို့သားဖတွေကို သနားတဲ့အကြည့်တွေနဲ့ကြည့်လိုက်လေတယ်။ သူ့စကားတွေချည်းနားထောင်ရင် စိတ်မကောင်းဖြစ်နေတယ်လို့ထင်ရမှာပေမယ့် သူ့လေသံတွေကတော့ တော်တော်လေးပျော်နေတဲ့ပုံပေါက်နေလို့ ကြားရသူတိုင်းက စိတ်မချမ်းသာတော့ဘူး။ ပိုင်မိသားစုရဲ့အကြီးဆုံးသား ပိုင်ကျန်းက သူ့ဇနီးစကားကြောင့်မျက်မှောင်ကျုံ့မိသွားပေမယ့် သူ့အဖေက ငွေစာရွက်တွေပါလာကြောင်း အိမ်ကလူတွေကိုမပြောဖို့မှာထားတာကို သတိရတဲ့အခါ ပြန်ငြိမ်နေလိုက်တော့တယ်။
ငြိမ်မနေနိုင်တဲ့လူကတော့ ပိုင်မိန်ပါပဲ။ သူမလေးက ဒေါသတကြီးနဲ့...
"အကြီးဆုံးယောင်းမ ကျွန်မအကိုကစျေးဝယ်နေခဲ့တာလို့ပြောပြီးပြီလေ ရှင်ဘာလို့ထင်ချင်ရာတွေထင်နေရတာလဲ!!"
ထိုအခါ စုရှီက ပိုင်မိန်ကိုနှစ်သိမ့်တဲ့ပုံနဲ့...
"ယောင်းမလေးရယ် အကြီးဆုံးယောင်းမက ရှောင်ဟန်နဲ့ကလေးတွေကိုသနားလို့ပြောမိသွားနေမှာပါ ဒုတိယခဲအိုကလည်း အရင်ထဲက အနည်းငယ်ဆိုးသွမ်းတဲ့သူဆိုတော့လေ အိုက်ယား..."