တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4

Comincia dall'inizio
                                    

ငွေဆယ့်ငါးချောင်းဖိုးဆိုလျှင် ကိုးကျင်ရှိသည်။ ပိုင်လီက ဖော်ရွှေတဲ့အပြုံးလေးနှင့်...

"ဒီကအကို ဘာလို့ငွေချောင်းနှစ်ဆယ်ဖိုးမယူတာလဲ ဒါဆိုရင် တစ်ကျင်အပိုထည့်ပေးမယ်"

ထိုစကားကြားတော့ ထိုလူကအနည်းငယ်စဥ်းစားလိုက်ကာ သဘောတူလိုက်လေသည်။

"ကောင်းပြီ ဒါဆိုလည်း ငွေချောင်းနှစ်ဆယ်ဖိုးပေါ့"

သူက မြို့ထဲရှိနေတုန်း တောဝက်တွေတွေ့လို့ဝယ်ချင်ခဲ့ပြီး သူ့ရဲ့ကုန်သည်အဖွဲ့နဲ့အတူ တောဝက်သားကို သေရည်နဲ့မြည်းချင်ခဲ့သည်။ ကုန်သည်တွေက ချမ်းသာတဲ့လူတွေပဲ ငွေအနည်းငယ်သုံးတာက သူတို့အတွက်ဘာမှမဟုတ်ဘူး။

ထိုအခါမှ စကားဝိုင်းအားနားထောင်နေသည့်လူအုပ်က တောဝက်တွေက အမွှေးမျှင်တွေမရှင်းရသေးပဲနဲ့တောင် နှုတ်နဲ့ အသားဆယ့်သုံးကျင်ရောင်းထွက်သွားမှန်း သတိပြုမိလိုက်ပြီး စျေးဆစ်ဖို့ကိုမေ့လိုက်ကာ ငွေပြန်ယူရန် ကရောသောပါး ပြေးထွက်သွားကျတော့သည်။

ရေနွေးအိုးတည်နေကျသော အိမ်နှစ်အိမ်၏သားအကြီးဆုံးများသည် မိန်းမောနေကျပြီး လူကြီးနှစ်ယောက်၏နှုတ်ခမ်းမွှေးများကလည်း တုန်လှုပ်နေကျရှာ၏။ ဒီလောက်လွယ်လွယ်လေးနဲ့ အသားသုံးကျင်ကို ငွေငါးချောင်းရတယ်??

ပြီးတော့ ပိုင်လီက ဒီလောက်အရောင်းဝယ်လုပ်တတ်တာကို သူတို့လည်းမသိခဲ့ရပါလား။ ဒီကလေးက သူတို့ရှေ့မှာ ကြီးပျင်းလာခဲ့တဲ့ အမှိုက်ကောင်လေးပိုင်လီမှ ဟုတ်ရဲ့လား။

သို့သော ခဏအကြာတွင် သူတို့အလွန်ပျော်ရွှင်သွားကျသည်။ အသားသုံးကျင်ကို ငွေငါးချောင်းဆိုရင် ဒီကောင်ကြီးနှစ်ကောင်က ငွေချောင်းပေါင်းထောင်ကျော်ရနိုင်မှာကို သူတို့ ရှာတွေ့သွားသောကြောင့်ပါပင်။

မှတ်ညာဏ်များမှတဆင့်သုံးသပ်ချက်အရ ယခု ပိုင်လီနေထိုင်သော တိုင်းပြည်သည် အလွန်အေးချမ်းလျက်ရှိပြီး အုပ်ချုပ်သော ဧကရာဇ်မှာလည်း အလွန်ကောင်းသော တိုင်းပြည်၏ဖခင်အစစ်လိုလူမျိုး ဖြစ်သည်။ နေ့စဥ်စျေးရောင်းချင်တယ်ဆိုရင် အာဏာပိုင်တွေဆီမှာ ဆိုင်ခမ်းဝယ်ဖို့လိုပေမယ့် တစ်ခါတစ်ရံဆိုရင်တော့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ဧကရာဇ်က သာမာန်ပြည်သူတွေအတွက် စည်းကမ်းတချို့ကို ပေါ်တင်လျော့ရဲခွင့် ပေးထားခဲ့ပြီး ပြည်သူတွေကလည်း ဧကရာဇ်ကိုအလွန်ချစ်မြတ်နိုးကျသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝDove le storie prendono vita. Scoprilo ora