တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်

Start from the beginning
                                    

သို့သော် ကျန်းချင်သည် မတူညီသည့်ကံများကိုမေးခွန်းမထုတ်တော့ပဲ လက်အမြန်ဝှေ့ယမ်းပြလိုက်ကာ...

"ဒေါ်လေးပိုင်မှားနေပြီဗျ! ဒေါ်လေးသားက တောဝက်နှစ်ကောင်လုံးကိုသတ်လာတာ တစ်ကောင်ကသူ့အိမ်ကိုရောက်နေပြီ တစ်ကောင်ကို အကိုကြီးဆုံးနဲ့အတူသွားပြန်ယူနေတာ အဲတာအဖေက အချိန်မလင့်ခင်မြို့ကိုသွားရောင်းရအောင် လှည်းယူလာခဲ့ပါတဲ့"

နန်းချောင်းရွာတွင် လှည်းနှစ်စီးသာရှိပြီး တစ်စီးမှာရှောင်ဟန်၏အဖေအိမ်ကပိုင်၏။ ရှောင်အိမ်က မြို့နဲ့ရွာကိုငွေနဲ့အသွားပြန်လုပ်ပေးတဲ့အလုပ်လုပ်ကျပြီး ထိုအလုပ်ကိုပဲဦးစားပေးလုပ်ကာ လယ်မရှိပဲမြေကွက်နှစ်ကွက်သာရှိကျသည်။ ရွာသားတွေက လိုအပ်လို့သူတို့ရဲ့ကျွဲနဲ့လှည်းကိုငှားချင်ရင် အခကြေးငွေပေးရလိမ့်မယ်။

နောက်တစ်စီးက ပိုင်အိမ်နဲ့အကြီးကဲအိမ်က တစ်ဝက်စီပိုင်ကျပြီး ရွာ၏လယ်အလုပ်များအတွက် ပူးပေါင်းထားကျတာလည်းဖြစ်၏။ ပိုင်အိမ်ကလှည်းပိုင်ပြီး ရွာအကြီးကဲအိမ်က ကျွဲပိုင်တယ်။

သူတို့နှစ်အိမ်က ရွာမှာအပြေလည်ဆုံးမိသားစုတွေဖြစ်ကျပြီး ဆက်ဆံရေးလည်းပြေလည်တာကြောင့် ဤသို့ပူးပေါင်းထားလည်း မည်သည့်အငြင်းပွားမှုမှဖြစ်ခဲ့ဖူးခြင်းမရှိပဲ နားလည်မှုနဲ့သာအလုပ်လုပ်ကျသည်။

ထိုပူးပေါင်းမှုသည် ရွာသားများအတွက်လည်း အဆင်ပြေခဲ့ပြီး ရွာအကြီးကဲနဲ့ပိုင်အိမ်က ကျွဲနဲ့လှည်းကို လယ်အလုပ်များအတွက် အလွန်သက်သာတဲ့စျေးနဲ့ပဲငှားပါလိမ့်မယ်။ တစ်ခါတလေ ကန်စွန်းဥတွေနဲ့တောင် လဲလို့ရတယ်။

ပိုင်မိသားစုမှာ ကျန်းချင်၏ထိုစကားကြားတော့မှ အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း တဖန် စိတ်ရှုပ်သွားကျပြန်သည်။

တောဝက်နှစ်ကောင်!! ဘုရားရေ!

ပိုင်ကျန့်သည်မယုံနိုင်ပဲ...
"ရှောင်ချင် မင်းတကယ်ပြောနေတာလား သေရောသေချာရဲ့လား အဲတာကတောဝက်တွေဆိုတာ"

"ဦးလေးပိုင် ဒါကရိတ်သိမ်းချိန်ကြီး ကျွန်တော်ကအလုပ်မလုပ်ပဲ ဦးလေးကိုလာနောက်နေမှာလားဗျ လိုက်ကြည့်ရင်သိရမှာပဲကို တောဝက်ကြီးကအကြီးကြီးဗျာ လူထက်တောင်ကြီးသေးတယ်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now