တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်

Comenzar desde el principio
                                    

ပိုင်အမေ အတွေးများချိန်တွင်ပင် ကျန်းချင်ရောက်လာခဲ့ပြီး မေးဟိုက်နေသောကြောင့်အသက်လုရှူနေရသည့်ထဲမှ ပြောလာလေ၏။

"ဦးလေးပိုင်! ဦး ဦးလေးရဲ့ ဒုတိယ ဟူး..ပိုင်လီအိမ်ကို အဖေက အခု လာခဲ့ပါတဲ့"

ပိုင်မိသားစုသည် အလွန်ထိတ်လန့်သွားကျပေသည်။ သူတို့ကိုလည်းအပြစ်မတင်ပါနှင့်။ မူလပိုင်လီသည် ပိုင်မိသားစုအတွက် ဤသို့ပုံစံမျိုးဖြင့် သတင်းဆိုးများစွာ ယူလာပေးဖူးသောကြောင့်သာပင်။

ပိုင်ကျန့်သည် အလွန်ရိုးရှင်းသော လယ်သမားကြီးတစ်ယောက်ဖြစ်၏။ သူက ကျန်းချင်စကားကြောင့် မျက်မှောင်များကြုံ့လိုက်ရင်း...

"ရှောင်ချင် အိမ်က ဒုတိယဘာဖြစ်တာလဲ မင်းသိသလား"

ကျန်းချင်သည် ယခုအခါ အနည်းငယ်အမောပြေသွပေသည်။ သူသည်ချွေးများကိုသုတ်လိုက်ရင်းမှ...

"ဦးလေးပိုင်ရဲ့သားက တောင်ခြေအနက်ထဲမှာ တောဝက်နှစ်ကောင်နဲ့တွေ့ခဲ့တာဗျ"

အဲဒီနောက် သူက တစ်ဆက်ထဲ ပိုင်လီကတောဝက်နှစ်ကောင်လုံးကိုသတ်ခဲ့တဲ့အကြောင်းပြောချင်ပေမယ့် ပိုင်အမေက ထိတ်လန့်တခြားဖြင့်ထအော်လာမည်ဟု ဘယ်လိုလုပ်ပြီးထင်ထားမှာလဲ။

"အား!! ဒုတိယ! ဒုတိယ သူ သူ ဘာဖြစ်သွားသေးလဲ သူဒဏ်ရာအပြင်းထန်ရသွားတာလား! သူအခုဘယ်မှာလဲ! ငါရဲ့မိုက်မဲတဲ့သားလေး မကောင်းတစ်ခုခုဖြစ်သွားပြီလား "

ပိုင်အမေသည် ပြောရင်းနှင့်ပင် မျက်ရည်များစီးကျလာသဖြင့် ကျန်းချင်ပင်စိတ်ရှုပ်သွားရသည်။

တကယ်တော့ ဒါကပိုင်အမေရဲ့အပြစ်လည်းမဟုတ်ပါဘူး။မူလပိုင်လီက လူဖျင်းတစ်ယောက်ဖြစ်ပြီး မနေ့ကရစ်ငှင်တွေအမဲလိုက်ခဲ့တယ်ဆိုရင်တောင် ရစ်ငှက်နဲ့တောဝက်က တော်ရုံကွာခြာမှုမဟုတ်ဘူးလေ။ ဒီတော့ တောဝက်နဲ့တွေ့တယ်ဆိုတာနဲ့ ပိုင်လီအန္တာရယ်ဖြစ်လာတယ်လို့ထင်တာက မှားနေတာတော့လည်း မဟုတ်ပါဘူး။

ကျန်းချင်သည် ပိုင်အမေ၏မျက်ရည်များနှင့် ပိုင်မိသားစု၏ဖြူစုတ်နေသော မျက်နှာများအားကြည့်ကာ အလွန်နားမလည်နိုင်ပေ။ ပိုင်လီကအရင်ကအရမ်းကို ဆိုးသွမ်းလွန်းတဲ့လူဖျင်း၊လူမိုက်တစ်ယောက်ပဲ။ ဘာကြောင့် ပိုင်မိသားစုက ဒီလိုလူ့အမှိုက်ကို သံယောဇဥ်ရှိနေကျသေးတာလဲ။ အကယ်၍ သူကျန်းချင်သာ ပိုင်လီရဲ့ဆယ်ပုံပုံတစ်ပုံလောက်ဆိုးခဲ့မယ်ဆိုရင် သူ့အဖေရိုက်လို့သေနေတာကြာလောက်ပြီ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝDonde viven las historias. Descúbrelo ahora