" ထိခိုက်သွားတယ်ထင်တယ် "

ကျန်းဟောက်က ခေါင်းငြိမ့်ပြတော့ အနားမှာ သွားထိုင်လိုက်၏။ ခြေထောက်ချိတ်ထိုင်နေတာမို့ ထယ်ရယ့်ဒူးက ကျန်းဟောက်ပေါင်ပေါ် မသိမသာသွားတင်ထားလိုက်မိသည်။

" အသစ်လဲထားတာ မကြာသေးလို့ စိတ်ချပြီး နေလိုက်တာကို ရုတ်တရက် နှစ်ကြိုးဆက်တိုက် ပြတ်ထွက်လာတော့ လန့်သွားတာနဲ့.. လက်ဖမိုးကို နည်းနည်း ရှသွားတာ"

skinship လုပ်ဖို့ လန့်နေရင် ထူးဆန်းသွားမှာ သေချာတာမို့ bandage မကပ်ရသေးပဲ ဆေးလိမ်းရုံသာလိမ်းထားတဲ့ ကျန်းဟောက် လက်ကို ဆွဲယူကြည့်လိုက်တယ်။

" ရှသွားတာ သေးသေးလေးကို နာတာရော ဟုတ်လို့လား "

" တယောကြိုးနဲ့ လည်ပင်းကို ဖြတ်ကြည့်ပေးမယ် နာမနာပြန်ပြောပြပါလား ထယ်ရယ် "

ထယ်ရယ့် မေးခွန်းကို ကျန်းဟောက်က တမင်ရွဲ့ဖြေလိုက်တာ သိပေမယ့် လည်ပင်းတောင် ယားကျိကျိ။

" ဂစ်တာကြိုးက ပိုနာတာပေါ့ "

ထယ်ရယ် တိုးတိုးလေးပြောလိုက်တာကိုသာ ကျန်းဟောက်ကြားရင် တကယ်ကြီး တယောကြိုးနဲ့ လည်ပင်းလာဖြတ်မလား မပြောနိုင်ပါ။

" လက်မှာ ကပ်ပေး "

" ကျွန်တော်လား ? "

" ဒီနားမှာ ဂင်မ်ထယ်ရယ်က လွဲပြီး ဘယ်သူရှိသေးလို့လဲ "

အတည် ထူးဆန်းလာပြီလေ။ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်က ကိုယ့်လက်ကိုယ် ဆေးကပ်ခွါလေးတစ်ခုတောင် မကပ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ပါ။

ကျန်းဟောက်လက်ကို ထယ်ရယ့် ဒူးပေါ်တင်ခိုင်းထားကာ bandage ကပ်ပေးလိုက်တော့ ကျေနပ်သွားပုံရပါတယ်။
သူ့လက်ကိုသူ ငုံ့ကြည့်နေတဲ့ ကျန်းဟောက်နဲ့ အကြည့်ချင်းမဆုံခင်မှပဲ ထယ်ရယ်လည်း ကျန်းဟောက်မျက်နှာကို ခဏ ခိုးကြည့်ရဲတော့တယ်။

အိမ်နေရင်းဝတ်နေကျ တီရှပ်အဖြူခပ်ပွပွနဲ့ ခြေချင်းဝတ်ထိဖုံးတဲ့ ဘောင်းဘီရှည်ကြီးကို နေ့တဒူဝမြင်နေရတာလည်း မရိုးနိုင်ပါ။

မပြောတတ်ဘူး။ ဒီလူ့ဆီကိုမှ စိတ်ရောက်သွားလို့ ဟိုနေ့ကပါးရိုက်သွားတဲ့ ရည်းစားဟောင်းကိုဖြတ်မိတာလား။

shady☆ [julyz] ✔️Où les histoires vivent. Découvrez maintenant