မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2

Start from the beginning
                                    

ခွင့်ပြုချက်ရသည်နှင့် အသေးလေးများက အလွန်ပျော်ရွှင်သွားပုံရပြီး ထိုခဏ၌ သူတို့အဖေ၏ယခင်ကရက်စက်မှုများကို မေ့သွားကျဟန်တူသည်။

"ကျွန်တော်တို့နားလည်ပါပြီအဖေ"

ရှောင်ဖူသည် ထိုသို့ပြောပြီးနောက် အသီးခြင်းကုံးလေးအားပိုက်ကာ တစ်ဖက်ကရှောင်ဝူလက်အား ဆွဲလျက် အိမ်ထဲသို့ပြေးဝင်သွားလေ၏။ ပိုင်လီက သက်ပြင်းသာချလိုက်မိသည်။ ဒီအသေးလေးတွေက ခုထိသူ့ကိုသတိထားနေတုန်းဖြစ်ပြီး သူ့အနားတွင်ပင် ကြာရှည်စွာမနေရဲကျသည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းလှ၏။

ပိုင်လီမှာ ခေါင်းရမ်းလိုက်ပြီးနောက် ရှောင်ဟန်အတွက် အသားအား စွပ်ပြုတ်အရင်ချက်ဖို့ရာ ပြင်လေတော့သည်။

ခဏအကြာတွင် ရှောင်မိန်က ဆန်ထုတ်ကြီးတစ်ထုပ်နှင့်ရောက်လာပြီး သူမ၏ဒုတိယအကိုအား ဝမ်းသာအားရပြေးတွေ့ကာ...

"ဒုတိယအကို အကိုတောင်ပေါ်အမဲလိုက်သွားတာဆို ရစ်ငှက်တွေက အကိုရလာဆို ဟုတ်လားဟင်"

ပိုင်မိန်က ဆယ်နှစ်အရွယ်သာရှိသေးပြီး အလွန်တတ်ကြွသည့်စရိုက်လေးရှိကာ မူလကိုယ်နှင့်ကွဲပြားသော်လည်း ပိုင်လီနှင့်မူ စရိုက်ခြင်းတူညီသည်ဟုပြော၍ရသည်။ ပိုင်လီသည် ဤကလေူမလေးအပေါ် အမြင်ကောင်းများရှိ၍ သူမ၏ခေါင်းလေးအား ပုတ်လိုက်ကာ...

"အမှန်ပဲ ဒီနေ့ညကအမေက ရစ်ငှက်ဟင်းချက်လိမ့်မယ်"

ပိုင်မိန်သည် အသားစားရမှာကိုရော ထိုအသားက သူ့မ ဒုတိယအကိုပေးတာဖြစ်၍ရော အလွန်ပျော်ရွှင်နေပါသည်။ သူမက ပိုင်လီ၏လက်မောင်းအား ချစ်စဖွယ်ဆွဲရမ်းနေပြီး...

"ဒုတိယအကို အကိုတောင်ပေါ်ထပ်သွားဦးမှာလားဟင် သွားလို့ ပန်းပင်တွေတွေ့ရင် ညီမလေးအတွက် ယူလာပေးပါနော် နော် နော်"

ပိုမိန်ပြောသည့် ပန်းပင်များသည် ဤနေရာ၌ ရှားပါးပြီးအဖိုးတန်သော သစ်ခွပန်း၊နှင်းဆီပန်း၊ကြွေပန်း၊စန္ဒပန်း၊စံပါယ်ပန်း၊ခေါင်ရမ်းပန်း စသည်တို့ကို ဆိုလိုကြောင်း ပိုင်လီသိပေသည်။ ထိုကဲ့သို့ ပန်းပင်များသည် လူချမ်းသာများနှင့်မျိုးရိုးမြင့်အိမ်တော်များမှ သခင်မလေးများ၏ တန်ဖိုးထားစရာများဖြစ်သဖြင့် အလွန်တန်ဖိုးကြီးကာ သူတို့လိုလယ်သမားမိသားစုလေးတွေက မဝယ်ယူနိုင်ပေ။ အကယ်၍ တောထဲ၌ ရှာတွေ့ခဲ့လျှင် ငွေအတွက်ရောင်းကျသည်ကများသောကြောင့် နိမ့်ကျသည့်လူများနှင့် လုံးဝမအပ်စပ်သောအရာများဟုပြောလျှင်ရသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now