မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်

Start from the beginning
                                    

အသားသည် အလွန်ရှားပါးပြီး ဝယ်နိုင်သော ကြက်သားနှင့်ဝက်သားများသည် စျေးကြီးလွန်းသည်။ ဤကဲ့သို့တောကောင်များသည်လည်း အန္တာရယ်များစွာကြား အရဲစွန့်မှသာ ရနိုင်သဖြင့် သူတို့သည် တစ်နှစ်လျှင်အကြိမ်အနည်းငယ်သာ အသားစားနိုင်ပြီး ယခုကဲ့သို့ အိမ်ဝသို့ရောက်လာသော အသားအား သူတို့ဦးစီးကပြန်ပုတ်ထုတ်လိုက်သောအခါတွင် မနှမျောပဲ မနေနိုင်ခဲ့ကျပေ။

ပိုင်လီသည် မှတ်ညာဏ်များမှတဆင့် အသား၏အရေးပါပုံကို သိသောကြောင့် တုရှီနှင့်လူများ၏ အမူရာများကိုဖတ်နိုင်ပေသည်။ ထို့ကြောင့်သူသည် တုရှီလက်ထဲထည့်ပေးရန်ပြင်လိုက်သော်လည်း ယောင်္ကျားနှင့်မိန်းမကြား အလွန်တင်းကျပ်သည်ကိုသတိရသွားသောအခါ ရွာအကြီးကဲ၏အကြီးဆုံးသား ကျန်းထင်ဆီသို့သွားကာ ရစ်ငှက်အား ကျန်းထင်လက်ထဲထည့်ပေးလိုက်၏။

"အကိုထင်ပဲ လက်ခံလိုက်တော့ ကျွန်တော်လည်းဒီနေ့ငါးကောင်တောင်ရခဲ့လို့ ပေးနိုင်တာရယ် အမြဲတမ်းလည်းပေးနိုင်မှာမဟုတ်ဘူးလေ ပြီးတော့ လေးကိုမနက်ဖြန်ထိဆက်ငှားရမယ်ဆိုရင် ပိုလို့တောင်ပေးသင့်သွားပြီ"

ထို့နောက် ပိုင်လီက ထွက်ခွာသွားခဲ့ပေသည်။

ကျန်းထင်သည် လက်ထဲမှရစ်ငှက်အားကြည့်လျက် အတော်ကြာမှမေးလာသည်မှာ...

"အမေ...ဒီအမှိုက်ကောင်က တကယ်ပဲပြောင်းလဲသွားတာဖြစ်နိုင်လားဟင်"

သူ၏မေးခွန်းအား ဖြေမည့်သူကတော့ မရှိရှာပေ။

ပိုင်လီ အိမ်သို့ပြန်ရောက်သောအခါတွင် သူ့အိမ်ဝန်းထဲ တစ်ပတ်ပတ်ကြည့်လိုက်၏။ အိမ်ဝိုင်းသည် အလွန်ကျယ်သော်လည်း တဲအိမ်လေးသည် အလွန်သေးငယ်သည်။ အိမ်တွင် ရေတွင်းလည်းမရှိပေ။

ရှောင်ဟန်သည် အိမ်သုံးဖို့ရန်နှင့် ကလေးများနှင့် မူလပိုင်လီရေချိူးနိုင်ရန်အတွက် ဘေးအိမ်မှ ရေနေ့တိုင်းသယ်ပေးခဲ့ရသည်။

ရေတွင်းဇာက်လမ်းအားပြောရမည်ဆိုလျှင် ပိုင်မိဘများသည် တဲအိမ်လေးဆောက်ပေးသည့်အပြင် ရေတွင်းပါတူးပေးချင်ခဲ့၍ လူများပင်ငှားပြီးပြီဖြစ်သော်လည်း မူလကိုယ်သည် ရေတွင်းမရှိလည်းဖြစ်သည်ဟုဆိုကာ ငွေများအားအတင်းလုပြေးသွားပြီး လောင်းကစားလုပ်ပြစ်ခဲ့၏။ ထို့ကြောင့် ပိုင်မိဘများက အလွန်စိတ်တိုကာ ရေတွင်းတူးမပေးတော့ပေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now