စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ

Start from the beginning
                                    

"ဘယ်သူကမင်းရဲ့ဒေါ်လေးလဲ! မင်းဘာလာလုပ်တာလဲ!"

ထိုသို့ ဆက်ဆံမှုသည် အလွန်သိသာသဖြင့် ပိုင်လီမှာအနည်းငယ်ပင်ရှက်ရွံ့သွားခဲ့ရသည်။ သူသည် သူ၏နှာခေါင်းအား ပွတ်သပ်လိုက်မိပြီး အကြီးကဲ၏ဇနီးအားကျော်၍ အိမ်ထဲသို့လှမ်းကြည့်ရင်း အနည်းငယ်အသံမြင့်ကာပြောလိုက်၏။

"ကျွန်တော်မှာ ကိစ္စလေးရှိလို့! အကြီးကဲကိုလာတွေ့တာပါ!"

တုရှီသည် ပိုင်လီအားမောင်းထုတ်လိုက်ချင်သော်လည်း ထိုအမှိုက်ကောင်၏အသံအား သူ့အိမ်၏ဦးစီးကကြားသွားပြီဖြစ်၍ အံသာကြိတ်လိုက်ရတော့သည်။ ပိုင်လီကလည်း တုရှီအားမကြည့်ရဲတော့ပေ။ သူသည် တုရှီက သူ့အားမောင်းထုတ်မည်ကိုသိကာ ရွာအကြီးကဲကသာ အကျိုးကြောင်းသင့်ပြော၍ရမည်ကိုသိသဖြင့် မူလထဲက ရွာအကြီးကဲနှင့်သာ ပြောချင်ခဲ့တာပင်။

ထင်သည့်အတိုင်း အိမ်ထဲမှ ရွာအကြီးကဲ၏အသံထွက်ပေါ်လာပြီး...

"ဘယ်သူလာတာတုန်း ဝင်လာခဲ့လေ ခြံဝမှာဘာလုပ်နေတာလဲ"

ပိုင်လီသည် ထိုအသံထွက်လာသည်နှင့် တုရှီ မျက်နှာအားမကြည့်တော့ပဲ အိမ်ထဲဝင်ပြေးခဲ့တော့သည်။

ယခုချိန်သည် ဆောင်းဦးရိတ်သိမ်းချိန်သို့ရောက်နေ၍ လူတိုင်းအလွန်အလုပ်များနေကျသော်လည်း ရွာလူကြီးသည် နေ့လည်စာစားရန်အိမ်သို့ပြန်ရောက်နေပြီဖြစ်၏။ ဤသို့ ရှေးခေတ်တွင် လူများသည် တစ်နေ့၌ ထမင်းနှစ်နပ်သာစားကျပြီး မနက်ခင်းဆယ်နာရီဝန်းကျင်တစ်ကြိမ်နှင့် ညနေ လေးနာရီဝန်းကျင်လောက်တွင်တစ်ကြိမ်ဖြစ်ကာ ကျန်သည့်အချိန်များဗိုက်ဆာပါက အဆာပြေစာအနည်းငယ်ကိုသာစားကျလိမ့်မည်။

ထိုတော့မှာ ပိုင်လီသဘောပေါက်သွားရ၏။ တုရှီသည် ပိုင်လီက စားချိန်၌ရောက်လာ၍ ဝင်စားသွားမည်ကိုစိုးရိမ်နေတာဖြစ်နိုင်သည်။

ပိုင်လီမှာ ထိုသို့သဘောပေါက်သွားသော် မချိပြုံးလေးနှင့်သာ ရွာအကြီးကဲထံလျောက်သွားခဲ့ပြီး စားပွဲပေါ်သို့ဝေ့ကြည့်လိုက်သော် အဝါရောင်သမ်းနေသောထမင်းများ၊ ဂေါ်ဖီကြော်နှင့် အသီးရွက်စွပ်ပြုတ်တို့ကိုတွေ့ခဲ့ပြီး သက်ပြင်းမချပဲမနေနိုင်ခဲ့ပေ။ ဤရွာသည် လယ်သမားရွာဖြစ်ပြီး ရွာအကြီးကဲပင်လျှင် ကောင်းကောင်းမွန်မွန်မစားနိုင်ပဲ ဆန်ပြုတ်မဟုတ်ပဲ ထမင်းစားနိုင်သည်ကပင် ကောင်းမွန်နေသည်ဟုပြော၍ရပေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now