အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ

Start from the beginning
                                    

ရှောင်ဟန်သည် ကောတစ်ယောက်ဖြစ်သော်လည်း ဆယ့်ငါးနှစ်ရှိပင်ဖြစ်ကာ စေ့စပ်ခြင်းပင်မပြုရသေးပေ။ ရှေးအခါကလူများသည် အသက်ဆယ့်သုံး၊ဆယ့်လေးအရွယ်များတွင် ကလေးများအားစေ့စပ်ပေးကာ ဆယ့်ငါး၊ဆယ့်​ခြောက်အရွယ်များတွင် လက်ထပ်ပေးကျသော်လည်း မူလကိုယ်မှာအလွန် ဆိုးသွမ်းသူဖြစ်သဖြင့်မည်သူကမှ လက်မထပ်ချင်ခဲ့၍ အသက်နှစ်ဆယ်ထိလက်မထပ်သေးခြင်းဖြစ်သည်။ ရှောင်ဟန်တွင်လည်း သူ၏ဇာက်ကြောင်းရှိပေ၏။ ရှောင်ဟန်သည် မိထွေးနှင့်နေရသောသူဖြစ်ပြီး မိထွေးဖြစ်သူသည် ရှောင်ဟန်အား လူချမ်းသာတစ်ဦးဦးထံသို့ စျေးကောင်းကောင်းဖြင့်ရောင်းရန် စောင့်ဆိုင်းနေ၍သာ အိမ်ထောင်ပြုမပေးသေးတာပင်။

ရှောင်ဟန်သည် ချောမောလွန်းသည်မဟုတ်သော်လည်း ကောင်းမွန်သောအသားရေနှင့်ချစ်စရာကောင်းသော အသွင်လေးရှိသဖြင့် မူလကိုယ်က ယခင်ထဲကရှောင်ဟန်အားတပ်မက်နေခဲ့ဖြစ်သည့်အပြင် စိတ်ညစ်နေသည့်အချိန်မျိုးတွင် ရှောင်ဟန်အားတစ်ယောက်ထဲတွေ့လိုက်ရသည့်အခါ သူသည်မစောင့်ထိန်းနိုင်ခဲ့ပေ။

ပိုင်လီ မူလကိုယ်အတွက် ပြောချင်သောစကားမှာ "မင်းကတော့ လုံးဝလူယုတ်တစ်ယောက်ပဲ" ဟူ၍ပင်ဖြစ်တော့၏။

မူလကိုယ်သည် ရှောင်ဟန်အားစော်ကားခဲ့သည့်အပြင် ဘယ်သူ့မှမပြောရန် ခြိမ်းခြောက်မှုပင်လုပ်ခဲ့သေးပြီး သူသည် ရှောင်ဟန်အား တာဝန်ယူချင်စိတ်မရှိခဲ့ပေ။ ရှောင်ဟန်က တစ်ချိန်မှာ တစ်ယောက်ယောက်ရဲ့မယားငယ်ဖြစ်လာမှာလေ။ သူဖြူစင်တာ၊မဖြူစင်တာကို ဘယ်သူကဂရုစိုက်မှာလဲ? ဆိုသည်မှာ မူလကိုယ်၏ အတွေးပါပင်။

သို့သော် မူလကိုယ်က အတွက်မှားသွားခဲ့သည်။

ထိုအချိန်က ညနေခင်းဖြစ်ပြီး ရွာအကြီးကဲ၏သားသည် သူ၏ကျွဲအားကျောင်းကာ ပြန်လာသည့်အချိန်နှင့် ထိပ်တိုက်တိုးသွားခဲ့ပြီး ရွာအကြီးကဲ၏သားက မူလကိုယ် ရှောင်ဟန်အား ခြိမ်းခြောက်နေသည့်စကားများကိုကြားသွားခဲ့၏။ မူလကိုယ်သည် ပြည့်တန်ဆာအိမ်များတွင် ကျင်လည်နေကျဖြစ်လေရာ နည်းလမ်းများအလွန်ကြမ်းတမ်းပြီး လောလောလတ်လတ်အနိုင်ကျင့်ခံထားရသော ရှောင်ဟန်ကိုယ်တွင်ဒဏ်ရာများမှာလည်း မဖုံးကွယ်နိုင်ခဲ့ပေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now