အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ

Comenzar desde el principio
                                    

မူလကိုယ်သည် သူနှင့်အမည်တူကာ ရုပ်ရည်ပင်တူသော်လည်း စရိုက်ကတော့ အလွန်ကွာခြားလှကာ အလွန်ရိုင်းစိုင်းယုတ်မာလေသည်။ မူလကိုယ်သည် အသက်နှစ်ဆယ်ရှိပြီဖြစ်သော်လည်း ဘာမှမလုပ်ပဲ မိသားစုလုပ်စာထိုင်စားပြီး လောင်းကစားနှင့်တဏှာကိစ္စများကိုသာစိတ်ဝင်စားကာ ထိုနေရာများတွင်ပဲ သူ၏အချိန်များကိုကုန်ဆုံးလေ့ရှိ၏။

မူလကိုယ်၏မိသားစုဖြစ်သော ပိုင်မိသားစုသည် ဤနန်ချောင်းရွာလေးတွင် အသင့်တင့်ပြေလည်သောမိသားစုဖြစ်သော်လည်း မူလကိုယ်၏နိပ်စက်မှုဒဏ်ကို သည်းမခံနိုင်ကျပေ။ မူလကိုယ်ဟာ လောင်းကစားရုံမှာအကြွေးတွေရှာပြီး အကြွေးရှင်များက အိမ်တံခါးသို့မကြာခဏလာရောက်လေ့ရှိကာ ထိုလူများထဲတွင် ပြည့်တန်ဆာအိမ်များကလူများပင် ပါဝင်သေးသည်။ ပိုင်မိသားစုသည် မူလကိုယ် အသက်နှစ်ဆယ်ထိ ထိုဒဏ်များကိုသည်းခံလာရပြီး သူတို့ကြိုးစားသလောက် မပြေလည်ရခြင်းမှာ မူလကိုယ်၏နှိပ်စက်မှုကြောင့်ဟု တဖြေးဖြေးသိလာကျတော့၏။ ထို့ကြောင့် မြို့သို့သွားကာ လောင်းကစားရုံများနှင့်ပြည့်တန်ဆာအိမ်များအား မူလကိုယ်အားလက်မခံတော့ရန်နှင့်အကြွေးမပေးတော့ရန် သွားရောက်ပြောခဲ့သဖြင့် မူလကိုယ်သည် တစ်မြို့လုံး၏လှောင်ရယ်စရာတစ်ခု ဖြစ်လာခဲ့တော့သည်။

ပိုင်မိသားစုသည် မူလကိုယ်အား နောက်တစ်ခေါက်အကြွေးရှင်များလာပါက ဆပ်ပေးမည်မဟုတ်ကြောင်းနှင့် အိမ်ရှိပစ္စည်းများအားခိုးပါကလည်း တရားရုံးသို့အပ်မည်ဖြစ်ကြောင်း ယတိပြတ်ပြောလိုက်သဖြင့် မူလကိုယ်ဟာ ကြံရာမရဖြစ်သွားခဲ့၏။ သူသည် အလွန်ဒေါသထွက်လျက် စိတ်ပြေလက်ပျောက် ရေချိုးရန်မြစ်သို့လာချိန်တွင် တစ်ယောက်ထဲရေချိုးနေသော ရှောင်ဟန်ကိုတွေ့သွားခဲ့တော့သည်။

ရှောင်ဟန်သည် ရှောင်မိသားစုမှကောတစ်ယောက်ဖြစ်ပြီး ပိုင်လီက မူလကိုယ်၏မှတ်ညာဏ်ထဲမှ ဤကမ္ဘာတွင် ယောင်္ကျား၊မိန်းမ၊ကော ဟူ၍ လိင်သုံးမျိုးရှိ​ကြောင်းသိခဲ့ရကာ ကောများသည် ယောင်္ကျားလေးများဖြစ်သော်လည်း ၎င်းတို့၏မျက်နှာအစိတ်ပိုင်းများတွင် ကိုယ်ဝန်ဆောင်မှဲ့များပါ၍ ကိုယ်ဝန်ဆောင်နိုင်သော ယောင်္ကျားလေးများဖြစ်ကြောင်းသိခဲ့ရလေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝDonde viven las historias. Descúbrelo ahora