အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)

Start from the beginning
                                    

ရှောင်ချန်း ရဲ့သွေးတွေက အေးခဲလာသလိုမျိုး ခံစားလိုက်ရသည်။

“သွားရအောင်၊ သွားရအောင်! ရဲလာနေပြီ!”

ရှောင်ချန်း ကဘေးဘက်ကို တွန်းထုတ်ခံလိုက်ရပြီး ခြေလှမ်းအနည်းငယ်တောင် ရွေ့သွားပြီး နံရံနဲ့ တိုက်မိသွားကာ ဒါက ပုံရိပ်ယောင်လား အိမ်မက်လားဆိုတာ ရှုပ်ထွေးနေတုန်းပင်။

ရှောင်ချန်း ကိုတွန်းလိုက်သည့် သူကလဲ ကျောင်းသားပင် ဖြစ်သည်။ သူက မျက်လုံးကို လှိမ့်လိုက်ကာ ကျိန်ဆဲလိုက်သည်။ “သောက်ကောင်မ”

ရှောင်ချန်း ကသူ့ရင်ဘတ်ကို ဖိထားပြီး သူ့စိတ်တစ်ခုလုံးက လုံးဝကို လွတ်ထွက်နေကာ သူ့မျက်လုံးတွေက ငေးငိုင်နေခဲ့သည်။

ဟမ့်။

မင်း သူ့ကို တွန်းရဲတယ်ပေါ့!!

ထောင့်ဘက်အမှောင်တွင် ပုန်းကွယ်နေသည့် အရိပ်က ရှောင်ချန်း ရဲ့ငေးငိုင်နေသည့် အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေပြီး မြင်ကွင်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ခိခိခိခိခိ။

သူ့အား တွန်းလိုက်သည့် ကျောင်းသားက သူ့ခြေထောက်တွေက အကြောင်းပြချက်မရှိပဲ အေးစက်လာတာကို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးက ရေအေးနဲ့ အပတ်ခံလိုက်ရသလိုမျိုး တုန်ရီသွားခဲ့သည်။

ဘာဖြစ်နေတာလဲ?

ဘာကြောင့် ရုတ်တရပ်ကြီး အေးလာရတာလဲ?

ကျောင်းသားက ထိုအတိုင်း တွေးလိုက်မိပြီး ထိုခဏ သူ့ဦးနှောက်က ထိုအတွေးထဲ နစ်မြှုတ်နေခဲ့သည်။

ရုတ်တရပ် အားကောင်းလှသည့် ကန်ချက်က အနောက်မှနေ၍ သူ့ဒူးဆီကို ရောက်လာခဲ့သည်။

ကျောင်းသားရဲ့ သူငယ်အိမ်က စူးစိုက်သွားခဲ့ပြီး သတိထားကာ တစ်စုံတစ်ခုကို လှမ်းဆွဲဖို့ လုပ်လိုက်ပေမဲ့ ထူးဆန်းစွာဖြင့် သူ့ခန္ဓာကိုယ်က သူ့ဦးနှောက်ရဲ့ ထိန်းချုပ်မှုအောက်တွင် ရှိမနေပေ။ သူ့လက်တွေက ကြိုးတုတ်ခံထားရသလိုမျိုး မလှုပ်ရှားနိုင်ပေ။

ပိုကြောက်ဖို့ကောင်းတာက သူရပ်နေသည့်နေရာက လှေကားထောင့်ဘက် လက်ရမ်းနားတွင် ဖြစ်သည်။ သူ့ခြေထောက်တွေက ကွေးသွားသည်နှင့် တစ်ကိုယ်လုံးက လှေကားအောက်သို့ လဲကျသွားပြီး အကြိမ်အနည်းငယ်လောက် လှိမ့်သွားခဲ့သည်။ “ခရပ်” သူ့အရိုးကျိုးသံတွေကို ကြားလိုက်ရပြီး သူ့ခေါင်းမှ “ဘုံး”ဆိုသည့် အသံပါ ထွက်လာခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now