Zawgyi

1.3K 30 0
                                    

လုပ်ငန်းရှင်တွေစုပြီး ဂေါက်ဖ်ရိုက်တာမျိုး၊လုပ်ငန်းနဲ့ပက်သက်ပြီးဆွေးနွေးတာမျိုး
က မကြာခဏလုပ်နေကြဆိုပေမဲ့ ဘောလုံးစုကန်ပြီး  ဖန်ယွီအရေးအတွက် ရန်ပုံငွေရှာတာကတော့ ထူးခြားဖြစ်စဉ်ပဲ ဖြစ်သည်။ဖန်ယွီအရေးသည် ဂျပန်တပ်များ လက်နက်ချ၍မဆုတ်ခွာခင် နောက်ဆုံးအသေအကြေခုခံတိုက်ခိုက်ခဲ့ရသောမြို့ဖြစ်၏။ပြည်သူအများအပြား သေကြေရသလို မြို့သည်လည်း မြို့ပျက်တစ်ခုဖြစ်သွားတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ များစွာလိုအပ်သည်။လူအားရော၊ငွေအားရောကိုပါ ဖန်ယွီက တောင့်တနေခဲ့သည်။

ဖန်ယွီမြို့ကလေးသည် လက်တွဲကူညီပေးမည့် ရဲဘော်ရဲဘက်များကို စောင့်ဆိုင်းနေခဲ့၏။

ခါတိုင်း စစ်ဘေးရှောင်တွေအတွက် အလှူငွေကောက်ရင် နာမည်ကောင်းရချင်သူက ကိုယ့်အိတ်ထဲက ပမာဏများများထည့်လိုက်ရုံနဲ့ သတင်းစာခေါင်းကြီးပိုင်းတွင် ပါလာတက်သည်။
ခေတ်ပျက်ကြီးတွင် ရန်ပုံငွေကောက်ခံခြင်းကို တရားဝင်လုပ်ခွင့်မရှိတာလည်းပါ၏။ယခုမူ ကိုယ့်တိုင်းကိုယ်ပြည်သည် လွတ်လပ်သွားလေပြီ။

လူထုလည်း စိတ်ဝင်စားနေ၏။ လုပ်ငန်းရှင်များကလည်း အသက်ကြီးသူများပါ၍ အမောမခံနိုင်သူများရှိသလို ငယ်တဲ့သူများပါသည့်အတွက် သွက်လက်ဖျတ်လတ်ကြသည်။ဤသည်နှင့် အိမ်တော်များမှငယ်ရွယ်ဆက်ခံသူအလျောင်းလျာများကိုရွေးထုတ်ပြီး လူထုအမြင်ကိုဆွဲဆောင်ရန် ရန်ပုံငွေအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခိုင်းတော့သည်။

ဝမ်အိမ်ဝောာ်မှာ ဆက်ဆံသူမျိုးဆက်မရှိပါချေ။ထို့အတွက် ဝမ်သခင်ကြီးက ရန်ပုံငွေအတွက် ဘောလုံးကန်ရမည့်အသင်းထဲတွင် သူကိုယ်တိုင်ပါဝင်ခဲ့သည်။ဝမ်သခင်ကြီးသည် အာဏာစက်ကြီးသော်လည်း သူသည် အသက်သုံးဆယ်ပင်မပြည့်သော လူငယ်လေးဖြစ်သည်။ခက်ထန်လွန်းပြီး ရင့်ကျက်လွန်းလို့၍သာ လူအများက အသက်ကြီးကြီးဟု ထင်နေကြခြင်းပင်။ဝမ်ရိပေါ်သည်လည်း မိမိရဲ့အသက်ကို ပြောကြားထားခြင်းမရှိ။ဒီလောက ဒီနယ်ပယ်တွင် ဘယ်အရာကိုမှ အလွယ်တကူမထုတ်ပြောတာ အကောင်းဆုံးပင်။

 Servant To Duchess (Complete)Hikayelerin yaşadığı yer. Şimdi keşfedin