16

4.2K 393 6
                                    

လွှာရိန်းစံအိမ်တွင် ရှောင်းကျန့်တို့အခြေချနေထိုင်ကြသည်။ဝမ်ရိပေါ်သည် နိုင်ငံရေးအခြေနေမကောင်းလို့ ဆိုပြီး မိမိဘဝကို တစ်နေရာတည်းမှာ ရပ်တန့်ထားမည့်သူမဟုတ်။ပွဲလန့်တုန်း ဖျားခင်းကာ အကျိုးအမြတ်ရဖို့အတွက် မနားမနေကြိုးပမ်းခဲ့သည်။

စီးပွားရေးတွင် ကိုယ်တိုင်ရှေ့ထွက်၍မတိုက်။
လုပ်ရဲကိုင်ရဲသူများကို တံတိုင်းသဖွယ်ကာပြီး အဓိကရှယ်ယာရှင်အနေဖြင့် နောက်ကွယ်မှ ပံ့ပိုးသည်။ရလာသောအမြတ်ကို ညီမျှစွာ ခွဲဝေယူပြီး ခေါင်းပုံမဖြတ်။လူအများ၏ယုံကြည်မှုကို အရယူသည်။ဝမ်အိမ်တော်၏အဓိက စက်ရုံကြီးများက လျစ်ဟင်းမှုမရှိဘဲ ပုံမှန်လည်ပတ်နေဆဲပင်။

" ကျုပ် ပြောစရာရှိလို့ ဒီကိုလာပါဦး "

မြို့တွင်းအခြေနေများက ယခုထက်ထိမငြိမ်သက်သေး။တစ်မြို့လုံးတစ်နီးပါးအဆောက်အဦးတွေပြိုကျပျက်စီးပြီး လူထောင်ပေါင်းများစွာသေကြေခဲ့သည် ဟု သတင်းခေါင်းစဉ်ကြီးတွင် ဦးစားပေးဖော်ပြကြသည်။အပြစ်မဲ့ပြည်သူများမတရားခံလိုက်ရသဖြင့် ကွန်မြူနစ်ပါတီသည် ဂျပန်တပ်မတော်အား သတိပေးစာပို့ခဲ့သည်။ထိုအဖြစ်‌ကြောင့် တစ်နိုင်လုံး ဆူပူအုံကြွလာကာ အနာဂတ်လူငယ်များမျိုးချစ်စိတ်တက်ကြွလာပြီး မိမိတို့နိုင်ငံလွတ်လပ်ရေးရဖို့ အဘက်ဘက်ကမှ အစွမ်းကုန်ကြိုးစားကြတော့သည်။

သတင်းတိုက်များသည်လည်း ဂျပန်စစ်တပ်၏ယုတ်မာသည့်လုပ်ရပ်ကို တစ်ကမ္ဘာလုံးသိအောင် ဖော်ပြခဲ့ပြီး နိုင်ငံဘက်မှ ရဲဝံ့စွာရပ်တည်ခဲ့သည်။အမှန်တရားသည် မပြောကောင်း။ရက်ပိုင်းတောင်မကြာဘဲ သတင်းတိုက်ဝောာ်တော်များများပိတ်ခံလိုက်ရသည်။

" ကျုပ်တို့လုပ်ငန်းရှင်တွေစုပေါင်းပြီး
စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အလှူငွေ
ကောက်မလို့..မင်းဘယ်လိုသဘောရသလဲ "

" အို ကောင်းတာပဲ။ကောလည်း ထည့်ချင်တယ် "

ဝမ်သခင်ကြီးသည် သူ့ဇနီးလေးကို ချောင်ထိုးမထားဘဲ ဘယ်အရာမဆို ကြိုတင်တိုင်ပင်၍ အကြံဉာဏ်တောင်းခံတက်သည်။ရှောင်းကျန့်မှာ နားမလည်သည်များပါသော် နှစ်ခေါက်၊သုံးခေါက်မက ပြန်မေးယူရသည်။ပြီးမှသာ မိမိဉာဏ်မှီသလောက်လေးပြောရသည်။မိမိထက် နိမ့်ပါးချို့တဲ့သူကို ယူထားရတယ်ဆိုပြီး အနိုင်မကျင့်၊ရှောင်းကျန့်ပင် တပြန်အားနာရသည်အထိ ဦးစား
ပေး လေးစားစွာဆက်ဆံခံရသည်။

 Servant To Duchess (Complete)Where stories live. Discover now