Zawgyi

1.7K 39 0
                                    

ရှစ်ခွမ်းသည် အတွေးများတက်သော လူငယ်လေးဖြစ်သည့်အတွက် သူ၏စိတ်များသည် အရင်တစ်ပတ်က ဝမ်သခင်ကြီးအိမ်တွင်တွေ့ခဲ့သော ဖြူဖြူရှည်ရှည်ကောင်ကလေးထံ ရောက်လို့နေသည်။ကောင်ကလေးကဝမ်သခင်ကြီး၏ လက်မောင်းအားတွဲချိတ်လိုက်ပုံ၊ကောင်ကလေးကို ဝမ်သခင်ကြီးက အားပါးတရနမ်းရှုံ့နေပုံ။ထိုအချင်းအရာများက အနှေးကွက်ပြသလို ရှစ်ခွမ်းရဲ့ခေါင်းထဲကမထွက်။

ရှစ်ခွမ်းက ဦးလေးဖြစ်သူစီမှာ ကပ်နေရသော သူဖြစ်သည်။ဦးလေးက ဝမ်သခင်ကြီးစီမှာအလုပ်လုပ်ခဲ့ပြီး ကျန်းမာရေးကြောင့်အနားယူခါနီးတွင် သူ့ကိုဝမ်သခင်ကြီးစီမှာ အပ်ပေးခဲ့သည်။
ယခု ဝမ်သခင်ကြီးက သူ့၏အိမ်တော်အနောက်တန်းလျားတွင် လာနေဖို့ ပြောထားသည့်ရက်မှစ၍ ထိုချစ်ကြည်နူးသည့်ပုံရိပ်များကို မကြာခဏတွေ့မြင်ရသည်။ထိုသို့မြင်ရသည့်အခါတိုင်း လူပျိုလေးအနေနဲ့ ရင်ထဲဖိုးသိုးဖတ်သတ်ဖြစ်ရစမြဲပင်။

ဝမ်သခင်ကြီးရဲ့အနေအထားနဲ့ အချစ်တော်ယောက်ျားလေးထားတာများလားဟု တွေးမိပြန်သော်လည်း အချစ်ဝောာ် ဟူသော ဆက်ဆံရေးထပ် ပိုပြီးနက်ရှိုင်းလိမ့်မည်ဟု မသိစိတ်မှထင်နေမိသည်။

ကောင်ကလေးနဲ့ဝမ်သခင်ကြီးတို့၏ပက်သက်မှုသည် သာမာန်ညီအကိုထပ်ပိုနေသည်ကို သူရိပ်မိသည်။သို့သော် ဝမ်သခင်ကြီးတွင် ချစ်သူမိန်းကလေးများ ရေတွက်မရအောင် ပေါသည်။

ဟိုတစ်နေ့ကပဲ ရွှမ်မိန်းကလေးကို သူ့ရဲ့ဘိုးဘွားပိုင်အသီးခြံသို့ တစ်ညအိပ်အလည်ခေါ်သွားသည့်အကြောင်းက တစ်မြို့လုံးရှိ လူများအား အတင်းအဖျင်းတစ်ခုပေးလိုက်သည့်နှယ် ပြောမဆုံးအောင်ရှိနေသည်။ထိုသတင်းများအတွက် ဝမ်သခင်ကြီးက ဟုတ်သည်၊မှန်သည် ဖြေရှင်းချက်တစ်ခုမထုတ်။မမြင်ဟန်၊မကြားဟန်ဆောင်နေသည်။

ယခုတွင် အလုပ်ရုံးခန်းရှိ များစွာသောစာရွက်ပုံကြားတွင် ဖောင်တိန်တစ်ချောင်းဖြင့် အလုပ်များနေသည်။ထိုအတင်းအဖျင်းများကို အချိန်ပေးဖြေရှင်းရလောက်အောင် မအားဘူး ဟု အသံတိတ်ပြောနေသလိုပင်ဖြစ်သည်။

" စာရေးတက်၊ဖတ်တက်သလား "

" ဟုတ်ကဲ့...ကျွန်တော့်ကို ဦးလေးသင်ပေးထားလို့ သေချာရေးတက်ဖတ်ဆက်ပါတယ်ခဗျ "

 Servant To Duchess (Complete)Where stories live. Discover now