11

4.1K 377 1
                                    

ဝမ်အိမ်တော်တစ်ခုလုံး ခြေချင်းခတ်အောင်
အလုပ်များနေကြသည်။အကြောင်းမှာ ဝမ်သခင်လေးက ဒီ‌ညနေဆိုရင်ပဲ ဘိလပ်သွားရမဲ့သင်္ဘောပေါ်သို့ တက်ရတော့မည်။ရှောင်းကျန့်ခဗျာ လွှာရိမ်းစံအိမ်မှပြန်လာသည့်ရက်ကစလို့ မျက်နှာမကောင်း။တမှိုင်မှိုင်တထွေထွေနဲ့ အယောင်ယောင်အမှားမှားဖြစ်နေသည်။ဝမ်ရိပေါ်မှာ သူ့ကို မချစ်ဘူးဟု မာန်ကိုတင်းထားသော်လည်း ရှောင်းကျန့်ရဲ့ခပ်နွမ်းနွမ်းမျက်နှာလေးကို မြင်တိုင်း စိတ်မကောင်း။ကိုယ်နဲ့ ထဲထဲဝင်ဝင်ပက်သက်ခဲ့ဖူးတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး မျက်နှာမလွှဲပစ်နိုင်။

ဝမ်ရိပေါ်လည်း ရှောင်းကျန့်နည်းတူ ပူလောင်နေရသည်ဆိုတာကို ရှောင်းကျန့်သိမယ်မထင်။

" ရှောင်းကျန့် ကျုပ်ကိုနက်ခ်တိုင် လာတပ်ပေး "

ထိုင်နေရာမှထလာပြီး ခိုင်းရင် လုပ်သည်။
ပြောရင် နားထောင်သည်။သို့သော် စိတ်ယဉ်သည် ကိုယ်ခန္ဓာ၌မစွဲကပ်။ဝမ်ရိပေါ်ကို စေ့စေ့မကြည့်။

" ကျုပ်ကိုစိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့။မင်းမျက်နှာလေး ပြုံးနေပါ "

" အင်းပါ။ကော ပြုံးပါ့မယ် "

ပြောလိုက်ကာမှ ပိုဆိုးသွား၏။
မျက်ရည်တွေအတိုင်းသားနဲ့ပြုံးနေပြန်သောသူ...
ဝမ်ရိပေါ် ဒီလူပျော်အောင် ဘယ်လိုလုပ်ပေးရမလဲမသိ။ကိုယ့်ကို စိတ်မကောင်းဖြစ်အောင် သိပ်လုပ်သည်။သူက ဒီလိုတွေဖြစ်နေမှတော့
ခရီးသွားရမဲ့ကိုယ်က ဘယ်လိုစိတ်ဖြောင့်ပါတော့မလဲ။

ဒီတစ်နေ့တည်းအတွက် အကြိမ်နှစ်ဆယ်မြောက်
သက်ပြင်းကိုချလိုက်သော်လည်း စိတ်ထဲပေါ့မနေ
။ရှောင်းကျန့်နဲ့သာကြာကြာဆက်နေရင် ဝမ်ရိပေါ်ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်တို‌နိုင်ချေရှိသည်။

" ခင်ဗျားရယ်...ကျုပ် ဘာလုပ်ရမလဲမသိတော့ဘူး "

" ကော အဆင်ပြေပါတယ်။သခင်လေး ဘာမှလုပ်စရာမလိုပါဘူး "

သူ့ကြောင့် သခင်လေးဒုက္ခများရမည်ကို ရှောင်းကျန့်မလိုချင်ပါ။သခင်လေးရဲ့အနာဂတ်အတွက် သူလိုအစေခံက ဆူးညှောင့်ဖြစ်သွားမှာလည်း ကြောက်ပါသည်။သူတို့ရဲ့ပက်သက်မှုအတွက် သခင်လေးကို အများကဲ့ရဲ့မှာ ရှောင်းကျန့်မလိုလား။ရှောင်းကျန့်ရဲ့အချစ်ကြောင့် သခင်လေးစိတ်အနှောင့်အယှက်ဖြစ်ရမည်ဆိုပါက ရှောင်းကျန့်ရဲ့နှလုံးသားကို တစ်သက်လုံးသော့ခတ်သိမ်းထားလိုက်မည်။

 Servant To Duchess (Complete)Where stories live. Discover now