19

4.1K 368 3
                                    

ပျားကလေးခြေများလာသည်။

တရားဝင်ပွဲထုတ်လိုက်သည့်နေမှစ၍ ဝမ်သခင်ကြီး၏ဇနီးလေးအကြောင်းက တစ်မြို့လုံးကို အံ့ဩသွားစေသည်။ဝမ်သခင်ကြီးသည် သူ့၏ပုံမှန်နေ့ရက်များအတိုင်း လည်ပတ်နေသော်လည်း ရှောင်းကျန့်မှာမူ အိမ်ထဲမှာချည်းမနေဝောာ့။

ဝမ်ရိပေါ်၏ခွင့်ပြုချက်ဖြင့် တစ်ရံတစ်ခါ ကတော်များနဲ့ဆိုင်ထိုင်လေ့ရှိပြီး အများစုကတော့ ရှန်သခင်မက ဝမ်အိမ်တော်ကို မကြာခဏလာလည်သည်။ရှန်သခင်မကြီးတွင် ရှောင်းကျန့်အတွက် စိတ်ဝင်စားစရာ သတင်းဦးသတင်းထူးကလေးများပါလာတက်သည်။

ညရောက်တိုင်း ဝမ်ရိပေါ်သည် သူ့ပျားကလေးကို ဘာသာပြန်စာအုပ်များ၊ကဗျာများဖတ်ပြတက်သည်။ယခုမူ က‌ဗျာဖတ်သံများအပြင် ဈေးတန်းထဲက ဘယ်သူကဘာဖြစ်လို့၊ဘယ်အိမ်တော်ကလူက ဘယ်သူနဲ့လိုက်ပြေးလို့နဲ့ ရှောင်းကျန့်ထံတွင် သတင်းများစုံနေဝောာ့သည်။ဝမ်ရိပေါ်က ရှောင်းကျန့်ပြောပြသမျှကို ငြိမ်နားထောင်ရင်း တစ်ခါတစ်ရံ အိပ်ပါပျော်သွားတက်တာကြောင့် ရှောင်းကျန့် စိတ်ကောက်တာကို ခံရပေါင်း မနည်းလှပါ။

" ယောက်ျား ခုထိအလုပ်မပြီးသေးဘူးလား "

ညနေအလုပ်ကပြန်ရောက်ကတည်းက လုပ်သည့်အလုပ်သည် အခုညဥ့်နက်တဲ့အထိမပြီး။ကြည့်စရာစာရွက်ပုံများကလည်း မကုန်နိုင်။ရှောင်းကျန့်မှာ ညရောက်လို့အိပ်ယာပေါ်မှာ ဝမ်ရိပေါ်ကိုမှဖက်မအိပ်ရရင် အိပ်မပျော်၊အစောပိုင်းကတစ်ခါအိပ်ကြည့်သေး၏။တစ်ရေးနိုးတိုင်း အိပ်ယာဘေးကလွတ်နေဝာာကြောင့် ဆက်မအိပ်တော့ဘဲ အလုပ်ခန်းထဲကယောက်ျားစီ ထွက်လာခဲ့သည်။သခင်ကကြီးခရီးသွားတဲ့ရက်တွေဆို ရှောင်းကျန့်ညဘက်တွေ သိပ်မအိပ်ဖြစ်။

" လကုန်ရက်မလို့ ကိုယ်စစ်စရာတွေ သိပ်များနေတယ်။မင်းရော.. "

" အိပ်မပျော်လို့ "

" အိပ်မပျော်မဲ့အတူတူ ကိုယ့်အတွက် ကာဖီတစ်ခွက်လောက်ဖျော်ခဲ့ပေး။စာရင်းတွေက ကျန်သေးတယ်။ကိုယ် အိပ်လို့မရသေးဘူး "

စာကြည့်မျက်မှန်ကိုချွတ်၍ မျက်ခုံးရိုးများကို လက်မနှစ်ဖက်နဲ့ပွတ်ဆွဲနေတဲ့သခင်ကြီးရဲ့လက်များကို ဖယ်ချပြီး ရှောင်းကျန့်က မျက်ခုံးပြေပြေလေးကို အသာနှိပ်နယ်ပေးလိုက်သည်။ဇိမ်ခံတက်သော ဝမ်ရိပေါ်က မျက်လုံးများပိတ်၍ မှိန်းနေသည်။ရှောင်းကျန့်ကလည်း အဖိအဖော့မှန်မှန်‌နဲ့ အသေအချာလေးနေလို့ကောင်းအောင်
လုပ်ပေးသည်။

 Servant To Duchess (Complete)Kde žijí příběhy. Začni objevovat