Zawgyi

1.2K 31 0
                                    

ဝမ်သခင်ကြီးနဲ့ပျားကလေးတွေ့ဆုံခြင်း

ဝမ်ရိပေါ်လူပျိုဖော်ဝင်ကာစအရွယ်...

ဆယ်ကျော်သက်အရွယ် လက်တည့်စမ်းချင်ကြသောလူငယ်များထဲတွင် ဝမ်ရိပေါ်လည်း ပါဝင်ခဲ့သည်။သူ့တွင်အပေါင်းအသင်းဟူ၍ များများစားစားမရှိ။တစိုက်မတ်မတ်ပေါင်းသင်းမိတာဆိုလို့ ရှေ့နေဝောာ်ကြီး၏တစ်ဦးတည်းသား ဝမ်ဟောက်ရွှမ်းနဲ့ မြို့စားမင်း၏ဒုတိယသား စုန်ကျိရန်တို့နှစ်ယောက်သာရှိ၏။သည်နှစ်ယောက်က ပထမဇနီးမှမွေးထားသော ကလေးများဖြစ်တာကြောင့် ရိပေါ်နည်းတူ ဆက်ခံသူအလျောင်းအလျာများဖြစ်ကြသည်။

ဆယ်ကျော်သက်၏အနှစ်သာရများတွင် ပြဇာတ်ရုံမှအငြိမ့်သမများပါဝင်သလို အိမ်တွင်အလုပ်လုပ်သည့်အစေခံမိန်းမပျိုကလေးများလည်း ပါဝင်ခဲ့သည်။

ဝမ်ရိပေါ်တစ်ယောက် စတင်ခြေလှမ်းပျက်လာပြီ။ဆေးပေါ့လိပ်ကို ပါးစပ်တွင် စခဲလာ၏။
အတန်းဖော်မိန်းကလေးတစ်ချို့နဲ့ ပိတ်ရက်တွင် စာကြည့်တိုက်သွားတက်လာ၏။စာကြည့်တိုက်ဟူသည် အမည်ခံသာဖြစ်သည်။အမှန်တကယ်စာလေ့လာခြင်းမဟုတ်ပေ။

ပြဇာတ်ရုံသို့ ချောင်းပေါက်မတက်သွားပြီး အငြိမ့်သမများ၊အကမယ်များအား အရသာခံကြည့်တက်လာသည်။နွဲ့နှောင်းသောအမူအရာ၊လှပသောကကွက်များ၊ပြေပြစ်သောခန္ဓာကောက်ကြောင်းများကို ဝမ်ရိပေါ် ကြည့်ရတာနှစ်သက်သည်။သူက သိပ်ကိုအကောင်းကြိုက်၏။ထိုသို့ကြည့်တိုင်း...၊ကြည့်မိတိုင်း တစ်စုံတစ်ယောက်က ဝမ်ရိပေါ်၏စိတ်အာရုံအလုံးစုံကို ဆွဲယူသွားတက်သည်။

ဝမ်ရိပေါ်ပင် အရွယ်ရောက်လာလျှင်ရှောင်းကျန့်ကရော...။တစ်နေ့ထပ်တစ်နေ့ ပို၍ လှသွေးကြွယ်လာသည်။နှင်းရည်ပက်ဖြန်းထားသောနှင်းဆီဖူးကလေးလို ခြွေပစ်ချင်စရာကောင်းလှသည်။ဝမ်ရိပေါ်ငယ်စဉ်က ရှောင်းကျန့်အား သက်ရှိအရုပ်ကလေးနှယ် အထင်မှားခဲ့ဖူးသည်။

သို့သော် အခုနောက်ပိုင်းတွင် ယောက်ျားလေးဖြစ်နေပါရက်နဲ့ မိန်းမတွေထပ်သိပ်လှလွန်းတဲ့ဒီလူကို ဝမ်ရိပေါ်ရှောင်ဖယ်နေခဲ့သည်။ဆူဆဲသော်လည်း မနာတက်။ဝမ်ရိပေါ်အနား ကပ်စမြဲ။

 Servant To Duchess (Complete)Where stories live. Discover now